အခန်း(၁၁)​ပေါက်​စီကြီးနဲ့​ပေါက်​စီ​လေး

9.2K 1K 41
                                    

အိမ်ပြန်ရောက်တာနဲ့ နန်ရှီအရင်ဆုံး လုပ်ဖြစ်တာက အိပ်ရေးပျက်ထားတာတွေကို ပြန်ဖြည့်ဖို့ တရေးတမောအိပ်ခြင်း။

သူမ နိုးလာတော့ Supermarket ကို သွားတယ်။ ဟော့ပေါ့လုပ်ဖို့အတွက် ဟင်းချက်စရာ ပါဝင်ပစ္စည်းတွေ၊ အရံဟင်းအတွက် ပြင်ဆင်စရာတွေနဲ့ သောက်စရာ ဘီယာပါ ဝယ်လာခဲ့တယ်။

သူမ ပထမဆုံးတိုက်ပွဲဝင်တာ အနိုင်ရသွားခဲ့လို့ အိမ်မှာ ဟော့ပေါ့ ချက်စားပြီး အောင်ပွဲခံမလို့လေ။

တစ်ယောက်တည်း ဟော့ပေါ့ စားရမှာ အထီးကျန်တော့ ဆန်သား. . .

တစ်ချိန်လုံး တစ်ကောင်ကြွက်ဖြစ်ခဲ့တာဆိုတော့လည်း သူမ နေသားကျနေပါပြီ။

သူမ ချက်ပြုတ်မလို့ ရှိသေး၊ တံခါးခေါက်သံထွက်ပေါ်လာတယ်။

ဒီအချိန်ကြီး ဘယ်သူ လာတာလဲ မသိ...?

နန်ရှီ တံခါးကို သတိကြီးကြီးနဲ့ ဖွင့်လိုက်တော့ အံ့ဩသွားရတော့တယ်။

လုထင်းရှောင်။ သူ တံခါးအပြင်ဘက်မှာ ရပ်နေတယ်။ ဝတ်ထားတာက ဖက်ရှင်ကျကျ အနောက်တိုင်းဝတ်စုံ၊ အပေါ်က အရောင်ပိုရင့်တဲ့ ကုတ်ထပ်ဝတ်ထားသေးတယ်။

ပေါက်စီလေးကို လက်တစ်ဖက်က ချီထားပြီး နောက်လက်တစ်ဖက်က သစ်သီးဝလံအစုံပါတဲ့ ခြင်းကို ကိုင်ဆွဲထားတယ်။

ဒါ. . . ဘယ်လို တွဲဖက်ထားတဲ့ ပုံစံကြီးလဲ. . .

"မစ္စတာလု...?" နန်ရှီ ခပ်လန့်လန့်နဲ့ တံတွေးမြိုချမိတယ်။ "ဒီအချိန်ကြီး ဘာလို့ လာတာလဲမသိ... နောက်တောင်ကျနေပြီကို... ကိစ္စတစ်ခုခု ရှိလို့များလား..."

လုထင်း​ရှောင်​ နှုတ်ခမ်းပါးတွေဆီက စကားငါးလုံးသာ ထွက်လာတယ်။ "လူနာလာမေးတာ..."

လူနာလာမေးတာ...?

ဒီအချိန် ညနက်သန်းခေါင်ကြီး သူ ကိုယ်တိုင် လာရတယ်လို့ . . . ပေါက်စီလေးကိုပါ ခေါ်လာသေးတယ်...

ဖြစ်ခဲ့တဲ့ ဒဏ်ရာက သေးသေးလေးရယ်။ သူမ အသက်နဲ့ အဝေးကြီး၊ ခုန်ပေါက်နေလို့တောင် ရသေး. . . . .

"အာ ရှင်က သိပ်ယဉ်ကျေးလွန်းတာပဲ မစ္စတာလု... ရှုပ်ပွနေတာတွေ အားနာစရာကြီး... အထဲဝင်ခဲ့ပါ..." နန်ရှီမှာ အခြေအနေကို တွေဝေသုံးသပ်နေဖို့တောင် အချိန်မရ။ သူမ သူတို့ကိုသာ အိမ်ထဲပေးဝင်လိုက်သည်။ စိတ်ထဲမှာ အံ့အားလည်း သင့်မိ၊ အရေးတယူ ဆက်ဆံခံရတော့ မြောက်ကြွကြွလည်း ဖြစ်နေမိတယ်။ ဆိုဖာခုံရှည်ပေါ်က အမှိုက်တွေကို ဖယ်၊ မလျှော်ရသေးတဲ့ အဝတ်တွေကို ကုတင်အောက်ထဲ ထိုးထည့်လိုက်ရင်း သူမ တစ်ခန်းလုံးကို အမြန် သေသပ်သွားအောင် ရှင်းလင်းလိုက်တယ်။

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now