ညီအစ်​ကိုချစ်​သူ ၁

6K 167 9
                                    

brother lover (p 1) [zawgyi]
(ညီအစ်ကိုချစ်သူ)

အပင်ကြီးတစ်ပင်မှာ ခိုနားနေတဲ့ ငှက်ကလေးတွေရဲ့ အသံက သာယာနာပျော်ကောင်းသလို တိုက်ခတ်လာတဲ့ လေကြောင့် သစ်ရွက်လေးတွေရဲ့ လှုပ်ခတ်သံကလည်း နားထောင်ကောင်းနေသည်။

စိမ်းလန်းဆို​ပြေ​နေတဲ့ ပန်းခင်း​တွေနဲ့ မားမားမတ်​မတ်​ရပ်​တည်​ အုပ်​မိုး​နေတဲ့ အပင်​ကြီး​တွေရှိတဲ့ ခြံဝန်းကြီးထဲမှာ သာယာ​ဖြောင့်​ဖြူးတဲ့ လမ်း​ကြောင်း​တွေရယ်​ ခန့်​ညားထယ်​ဝါတဲ့ အ​ဆောက်​အဦ​တွေနဲ့ တည်​​ဆောက်​ထားတဲ့ ​ကျောင်း​ဆောင်​​တွေက လှပတင့်​တယ်​​နေသည်​။

ကျွန်တော်ကတော့ ဒီ​ကျောင်းရဲ့ ​ကျောင်းသားတစ်​​ယောက်​အဖြစ်​ ပညာသင်​ယူ​နေသည်​။
ကျွန်တော်လည်း အပင်ကြီးရဲ့အရိပ်ကို ငှက်ကလေးတွေနဲ့အတူ ခိုနားရင်း အပင်ကြီးရဲ့အောက်မှာရှိတဲ့ ခုံတန်းလေးမှာ ထိုင်ကာ စာထိုင်လုပ်နေသည်။ တချို့ကျောင်းသားတွေကလည်း ကျောင်းအပြင်ဘက်ကို ထွက်သွားနေကြသည်။

ကျောင်းပြန်ချိန်ဖြစ်လို့ အိမ်ပြန်တဲ့သူကပြန် စာကြည့်တိုက်ကို သွားတဲ့သူက သွား ကင်တင်းသွားတဲ့သူကသွားနဲ့ လျှောက်လှမ်းနေကြသည်။ ကျွန်တော်ကတော့ တစ်ယောက်သောသူရဲ့ အလာကို စောင့်ရင်း စာလုပ်နေလိုက်သည်။ အဲအချိန်မှာ အနောက်ကနေ ကျွန်တော့်ပခုံးကို လှမ်းပုတ်ပီး

''kit'' လို့

ခေါ်လိုက်လို့ လှည့်ကြည့်လိုက်ချိန်မှာ ကျွန်တော် မျှော်နေတဲ့သူ မဟုတ်ပဲ ကျွန်တော်နဲ့ အတန်းဖော် သူငယ်ချင်း new ဖြစ်နေသည်။ ဒါနဲ့ ကျွန်တော်က ပြုံးရောင်သမ်းရုံပြုံးပြပီး စာဆက်လုပ်နေတော့ သူက ခုံမှာ ဝင်ထိုင်ပီး

''မင်း မပြန်သေးဘူးလား''

''အင်း ငါ p'... ကို စောင့်နေတာ''

''မင်း p' ကမလာသေးဘူးလား''

''အင်း''

ကျွန်တော်က စာဆက်လုပ်နေတော့ new က ခုံပေါ်လက်ထောက်ပီးမေးလေးတင်ကာ ကျွန်တော့်ကို ကြည့်ပီး

''မင်းက အဲ p' ကို တော်တော်ချစ်တယ်နော်''

''ဘာလို့လဲ''

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now