ညီအစ်ကိုချစ်သူ ၃၉

1.1K 70 2
                                    

brother lover (p 39)
(ညီအစ်ကိုချစ်သူ)

sing//
ကျွန်တော်လည်း သူ oaujun ကားပေါ်တက်သွားတာကို ကြည့်လိုက်ပီး ကားလေးထွက်သွားတော့ သူက လက်လှမ်းပြလို့ ကျွန်တော်လည်း လက်ပြပီး ကားပေါ်တက်လာလိုက်သည်။ ပီးတော့ ကျောင်းသို့ မောင်းလာလိုက်သည်။ ကျောင်းရောက်တော့ ကျွန်တော်လည်း ကားပါကင်မှာရပ်ပီး ကျောင်းဘက်သို့ လာခဲ့လိုက်သည်။ အခန်းထဲတွင် off နဲ့ yarch က ရောက်နေသည်။

ကျွန်တော်လည်း ခုံမှာ ဝင်ထိုင်ပီး သူတို့နဲ့ စကားပြောနေလိုက်သည်။ ခဏတော့ nem နဲ့ fang တို့ ရောက်လာကြသည်။ နောက်ဆုံးမှ prem ရောက်လာပီး ခဏနေတော့ ဆရာမ ဝင်လာလို့ စာသင်လိုက်ကြသည်။

ညနေ ပြန်ချိန်ရောက်တော့ nem အိမ်က ကားက ​စောရောက်နေတော့ စောင့်စရာမလိုလို့ ကျွန်တော်လည်း သူငယ်ချင်းတွေကို နှုတ်ဆက်ပီး ကားပေါ်တက်ကာ kit တို့ကျောင်းကို ကားမောင်းထွက်လာခဲ့သည်။

kit//
ကျွန်တော်တို့ နောက်ဆုံးစာသင်ချိန်ရောက်တော့ ဆရာက

''မင်းတို့ ဘာတွေကို စဉ်းစားထားကြလဲ''

ရှေ့ကတစ်ယောက်က
''ဘာကိုလဲ ဆရာ''

''မင်းတို့ကို project လုပ်ခိုင်းဖို့လေ''

''ဟုတ်''

''မင်းတို့ သမိုင်းဝင်အဆောက်အဦတွေကို ရှာပီး စာတမ်းတန်းပြုစုခဲ့ သောကြာနေ့ ဆရာ့ကို ပေးနော်''

p' ကိုproject အကြောင်း ပြောတုံးက p' ကမေးထားတာကို သတိရပီး  ကျွန်တော်က ဆရာ့ကို လက်ထောင်ပြလိုက်ပီး

''ဆရာ ဘုရားကျောင်းတွေ ဘုရားတွေရောရလား''

''ရတယ်လေ အဲဒါလည်း သမိုင်းဝင်တာပဲ''

''ဟုတ်''

''အေး အေး ဒီလောက်ပါပဲ''

''ဟုတ်ကဲ့''

ကျွန်တော်ဆရာထွက်သွားတော့ ကျွန်တော်တို့ စာအုပ်တွေသိမ်းပီး ကျောင်းအပြင်ကို ထွက်လာတော့ ကျွန်တော်တို့ ထိုင်နေကျ နေရာမှာ jan တို့ ရောက်နေသည်။ ဒါနဲ့ ကျွန်တော်က oaujun ကို လှမ်းကြည့်လိုက်တော့ oaujun က

''လာပြန်ပီ nong ယောက်ဖ သေချာနေပီ ဒါ မင်းဆီကို သက်သက်လာနေတာ''

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now