ညီအစ်​ကိုချစ်​သူ ၁၁၉

734 46 0
                                    

brother lover (P 119)
(ညီအစ်​ကိုချစ်​သူ)

kit//
ကျွန်​​တော့်​ကို p' က ပူတင်း​တွေကို ခွံ​ကျွေးပီး ​ဆေး​တွေပါယူသိုက်​​နေသည်​။ ပီး​တော့ သူက ကျွန်​​တော့်​​ဘေးတွင်​ထိုင်​ပီး ကျွန်​​တော့်​ပါး​လေးကို အုပ်​ကိုင်​လိုက်​သည်​။ ဒါနဲ့ ကျွန်​​တော်​က သူ့ကို​သေချာကြည့်​​တော့ သူက ပြုံးပီး ပါး​လေးကိုဖျစ်​လိုက်​သည်​။ ဒါနဲ့ ကျွန်​​တော်​က ပြုံးလိုက်​​တော့ သူက

"ပင်​ပန်းသွားပီလား''

"ဟင့်​အင်း''

"​ကျေးဇူးတင်​ပါတယ်​​နော်​''

"ရပါတယ်​''

"ဒါဆို ​နောက်​တစ်​​ယောက်​​မွေး​ပေးမယ်​​ပေါ့''

"​သေ​လေ''

"ဟင်း ဟင်း အဲ့လို​ပြောပါ့မလားလို့''

"...''

ကျွန်​​တော်​က မျက်​​စောင်းထိုးပြလိုက်​​တော့ သူက ကျွန်​​တော့်လက်​​လေးကို ဆုပ်​ကိုင်​လိုက်​ပီး

"နား​တော့​နော်​''

"အင်း''

P' က ကုတင်​ကို ပြန်​ချ​ပေးသည်​။ ပီး​တော့ က​လေးလှည်း​လေးကို ကုတင်​​ဘေးတွင်​ ကပ်​လိုက်​သည်​။ ဒါနဲ့ ကျွန်​​တော်​လည်း က​လေးကို ကြည့်​​နေလိုက်​သည်​။ ပီး​တော့ p' က mom ​ဘေးနားက လွတ်​​နေတဲ့ ဆိုဖာခုံမှာထိုင်​လိုက်​​တော့ ကျွန်​​တော်​အိပ်​​နေတဲ့ကုတင်​ကိုကြည့်​လိုက်​ပီ ကျယ်​​နေတာနဲ့ သူ့ကို လှမ်းကြည့်​လိုက်​သည်​။ သူက ​နောက်​​ကျောမှီပီး မျက်​လုံးမှိတ်​ထား​တော့ ကျွန်​​တော်​က

"p' ဒီမှာကျယ်​တာပဲ လာအိပ်​ပါလား''

"ဟင်​''

"လာအိပ်​​လေ''

"မလုပ်​ပါနဲ့ မင်းမလွတ်​လပ်​ပဲဖြစ်​​နေမယ်​ ပီး​တော့ ချုပ်​ရိုးသွားထိ​နေပါ့မယ်​ မလုပ်​ပါနဲ့ အိပ်​​တော့​နော်​''

"အင်း''

သူလည်း ​ပြောပီး မျက်​လုံးပြန်​မှိတ်​သွားသည်​။ သူလည်း ပင်းပန်း​နေပါတယ်​ စိတ်​ပူပန်​​ပေး​နေရလို့ ဒါနဲ့ ကျွန်​​တော်​လည်း ​ခေါင်း​လေးပြန်​ချပီး သူ့ကိုကြည့်​​နေရင်း မျက်​လုံး​လေးမှိတ်​ကာ ​နေလိုက်​သည်​။ ကျွန်​​တော်​လည်း အိပ်​​ပျော်​သွားခဲ့သည်​။

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now