ညီအစ်​ကိုချစ်​သူ ၃

1.9K 113 2
                                    

brother lover (p 3)
(ညီအစ်ကိုချစ်သူ)

kit//
ကျွန်တော်လည်း စိတ်ညစ်ညစ်နဲ့ မိုးရွာထဲ လမ်းလျှောက်ကာ စိတ်ကို ဖြေသိမ့်လိုက်သည်။
' ရက်စက်လိုက်တာ p' ရယ် ကျွန်တော့်ရဲခံစားချက်ကို မသိတာလား... မသိချင်ဟန်ဆောင်နေခဲ့တာလား... တကယ်ပဲ မသိခဲ့တာလား... ဒါမှမဟုတ် ကျွန်တော်တို့က ယောက်ျားချင်းမို့ ခံစားချက်တွေကို မျိုသိပ်ထားခဲ့တာလား... nong ဆိုတဲ့ ခံစားချက်ပဲရှိနေခဲ့တာလား... p' ကသာ ကျွန်တော့်ကို nong လို စိတ်ထားပေမဲ့ ကျွန်တော့် ခံစားချက်တွေက တစ်မျိုးပြောင်းနေတော့ ပိုခံစားနေရတယ် သိလား'

ကျွန်တော် မိုးရွာထဲလမ်းလျှောက်နေရင်း တွေးကာ မျက်ရည်တွေက မိုးရေနဲ့အတူ စီးကျနေသည်။ ကားတွေ ဆိုက်ကယ်တွေကလည်း ဘေးကနေ ဖြတ်ကာ လှုပ်ရှားသွားလာနေကြသည်။ ကျွန်တော်လည်း ဆက်လျှောက်နေခဲ့သည်။

လျှောက်နေရင်း ခဏကြာတော့ ကားလေးက ကျွန်တော့်ဘေးလာရပ်တာကို ကျွန်တော် လှမ်းကြည့်လိုက်သည်။ ပီးတော့ ကျွန်တော် ဆက်လျှောက်လာတော့ သူ့ကားလေးက မောင်းမလာပေ။ ကျွန်တော် ဆက်လျှောက်နေတုံး အနောက်မှ ခြေသံကြားရပီး ကျွန်တော့်လက်မောင်း ကို ဆွဲလိုက်တာခံလိုက်ရသည်။

ပီးတော့ သူက ကားပေါ်အတင်းတက်ခိုင်းနေတာနဲ့ ကျွန်တော်လည်း မတက်ချင်လို့ ဆက်လျှောက်ဖို့ အလုပ်မှာ သူက မလွှတ်ပဲ ထပ်ဆွဲထားသည်။ ဒါနဲ့ ကျွန်တော်လည်း မိုးရေချိုးချင်လို့ဆိုပီး ညာလိုက်သည်။ ဒါကို သူက မလွှတ်ပဲ ဆက်ဆွဲထားတော့ ကျွန်တော်က ရုန်းလိုက်ပီး ဆက်လျှောက်လာသည်။ ဒါနဲ့ သုကအနောက်ကဆက်လိုက်လာပီး

''မင်းစိတ်ဆိုးနေတာမလား ငါသိတယ် အိမ်ရောက်ရင် ရှင်းပြမယ် လာ''

''ရေချိုးမလို့ p' ဘာသာ သွားပါလား''

''kit kit''

''p'..''

သူက လမ်းလျှောက်လာရင်း ထပ်ဆွဲလိုက်တော့ ကျွန်တော်လည်း စိတ်တိုပီး သူ့ကို ခေါ်ကာ သူဆွဲထားတဲ့လက်မှ ရုန်းလိုက်ပီး လက်ကိုယမ်းလိုက်တော့ တစ်ဖက်က သူထီးကိုင်ထားတဲ့လက်ကို ရိုက်မိရဲ့သား ဖြစ်သွားသည်။ ဒါနဲ့ ထီးက တစ်ဖက်သို့ စောင်းကျသွားသည်။ ကျွန်တော်က ခပ်တည်တည်နဲ့ ကြည့်ပီး ပြန်လှည့်ထွက်လိုက်သည်။ ဒါကိုသူက လျှောက်လာရင်း ထပ်ဆွဲဖို့ အလုပ်မှာ ကျွန်တော်က တွန်းလိုက်ပီး

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now