ညီအစ်​ကိုချစ်​သူ ၂၀

1.3K 82 4
                                    

brother lover (p 20)
(ညီအစ်ကိုချစ်သူ)

sing//
ကျွန်တော်လည်း သူ့ကို သူတို့ခြံရှေ့မှာ ချခဲ့ပီး ကျွန်တော့်ခြံသို့ ကွေ့ဝင်လာခဲ့သည်။ ပီးတော့ ကျွန်တော့် ခြံထဲရောက်တော့ ကားမောင်းရင်း သူခြံဘက်ကို လှည့်ကြည့်လိုက်မိသည်။ သူကလည်း လမ်းလျှောက်ရင်း ကျွန်တော်တို့ဘက်ကို လှည့်ကြည့်နေတာတွေ့သည်။ ကျွန်တော်လည်း အိမ်အဝတွင် ကားရပ်ပီး ကားပေါ်က ဆင်းကာ အိမ်ထဲသို့ ဝင်လာခဲ့သည်။

အိမ်ထဲရောက်တော့ mom က ဧည့်ခန်းတွင် သိုးမွှေးထိုးနေရင်း ကျွန်တော် ဝင်လာတာကို မော့ကြည့်ပီး

''သား ပြန်လာပီ''

''ဟုတ် mom''

ကျွန်တော်ကဖိနပ်ချွတ်ရင်း ပြောပီး mom နားကိုလျှောက်သွားလိုက်သည်။ ဒါကို mom က ထိုးနေတဲ့ သိုးမွှေးထိုးတံကို ဗန်းခွက်လေးထဲ ချလိုက်ပီး

''kit လေး mom ပြန်ရောက်နေပီ သား နှုတ်ဆက်ခဲ့သေးလား''

''ဟုတ်လား မဝင်ခဲ့ဘူး ခြံရှေ့မှာပဲ သူ့ကို ချပေးခဲ့တာ''

''အော်''

''သား ရေချိုးလိုက်ဦးမယ်''

''အေး အေး mom ထမင်းပွဲပြင်ထားမယ်''

''ဟုတ်''

ကျွန်တော်လည်း အပေါ်တက်ပီး လွယ်အိတ်ချကာ
အင်္ကျီချွတ်လိုက်သည်။ ပီးတော့ တဘက်ယူပီး ရေချိုးခန်းထဲဝင်လိုက်သည်။ ကျွန်တော် ရေချိုးနေရင်းနဲ့ kit kit သူ့သူငယ်ချင်းတွေနဲ့ ပြုံးရယ်ပီး ကျွန်တော့် ကားဆီ လျှောက်လာနေတာကို ပြန်မြင်ယောင်နေမိသည်။

'ချစ်ဖို့ကောင်းလိုက်တာ kit kit ရယ် ကိုယ် စိတ်တွေ မထိန်းနိုင်အောင် ဖြစ်နေပီ မင်းကို တကယ်ပဲ ဆုံးရှုံးရတော့မှာလား ငါ ဘယ်လိုဆက်လုပ်ရမလဲ ဒါပေမဲ့ ငါတို့က ပေါင်းစပ်ဖို့မှ မဖြစ်နိုင်တာ အခု ငါ မင်းရဲ့ သဘောထားကို သိချင်လိုက်တာ တကယ်လို့ oaujun က ဆက်သွယ်ပေးရင် မင်းတကယ်လက်ခံမလားလို့ သိချင်လိုက်တာ '

ကျွန်တော်လည်း ရေချိုး ဆပ်ပြာတိုက်ရင်း တွေးနေလိုက်သည်။ ပီးတော့ ရေပန်းဖွင့်ကာ ရေထပ်ချိုးလိုက်သည်။

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now