ညီအစ်​ကိုချစ်​သူ ၎

1.8K 114 6
                                    


brother lover (p 4)
(ညီအစ်ကိုချစ်သူ)

kit//
အိမ်ထဲရောက်တော့ mom mom က အပေါ်တက်ဆိုပီးပြောကာ အနောက်ခန်းထဲဝင် သွားသည်။ သူက ကျွန်တော့်ကို လှမ်းကြည့်တော့ မသိသလိုနေလိုက်သည်။ ဒါကိုသူက ကျွန်တော့် လက်ကို လှမ်းဆွဲပီး အပေါ်တက်သွားသည်။
ကျွန်တော်လည်း ဘာမှမပြောဘဲ လိုက်သွား လိုက်သည်။ ပီးတော့ အခန်းထဲဝင်လိုက်သည်။

အခန်းထဲရောက်တော့ သူက ကုတင်ပေါ် လွယ်အိတ်ကို ပစ်တင်လိုက်သည်။ ကျွန်တော် လည်း ကုတင်ပေါ်အသာလေးတင်လိုက်သည်။ ပီးတော့ သူက တန်းပေါ်မှာ တင်ထားတဲ့ တဘက်ကိုယူပီး ကျွန်တော့် ခေါင်းကိုလာသုတ်ပေး တော့ ကျွန်တ်ာက သူ့လက်ကို ဆွဲဖယ်လိုက်ပီး

''ဖယ် kit ဘာသာသုတ်မယ်''

ကျွန်တော်က ပြောပီး တဘက်ကို ဆွဲယူတော့ သူက ပြန်ဆွဲလိုက်ပီး

''ငြိမ်နေပါ''

ကျွန်တော်လည်း ဘာမှ မပြောတော့​ပေ။ ပီးတော့ သူက ကျွန်တော့်မျက်နှာတွေကိုပါ သုတ်ပေးပီး တဘက်ကို သူ့ ပခုံးပေါ်တင်လိုက်သည်။ ပီးတော့ အင်္ကျီကြယ်သီးကို ဆွဲချွတ်တော့ ကျွန်တော်က မျက်လုံးပြူးကြည့်ပီး သူ့လက်ကို ဆုပ်ကိုင်လိုက်ပီး

''kit ဘာသာလုပ်လို့ရတယ် kit က ကလေးမဟုတ်တော့ဘူး ဖယ်''

ကျွန်တော်က ပြောရင်း သူ့လက်ကို ဆွဲကာ ​ဆောင့်ချလိုက်သည်။ ဒါနဲ့ သူက ထပ်မလုပ်ပေး တော့ပဲ သူ့ပခုံးပေါ်မှ တဘက်ကိုယူပီး သူ့ခေါင်းကို သုတ်ရင်း

''မင်း ပြောတော့ ကလေးမဟုတ်ဘူးတဲ့ အခု မင်းလုပ်တာက ကလေးနဲ့ဘာခြားလို့လဲ''

''...''

ကျွန်တော်က ဘာမှမပြောပဲ အင်္ကျီကြယ်သီး ချွတ်နေလိုက်သည်။ ဒါကို သူက ဗီရိုထဲမှ ကျွန်တော့် အင်္ကျီနဲ့ ဘောင်ဘီကို ထုတ်ပီး ကုတင်ပေါ်တင်ပေး သည်။ ကျွန်တော်က သူ့ကို မျက်စောင်းထိုးကြည့် လိုက်သည်။ ဒါနဲ့ သူက

''နောက်တစ်ခါ ဒီလိုလုပ်ရက်မျိုး လုပ်ကြည့်နော် kit kit''

''ဘာလဲ ကိုယ့်ဘာသာ မိုးရေချိုးတာ ဆန်းလား''

''မင်း ဒီလိုလုပ်တာ ငါ့ကြောင့်ဆိုတာ ငါသိတယ်''

''...''

ညီအစ်​ကို ချစ်​သူ (completed)Tempat cerita menjadi hidup. Temukan sekarang