ညီအစ်ကိုချစ်သူ ၅၈

981 61 1
                                    

brother lover (P 58)
(ညီအစ်ကိုချစ်သူ)

kit//
ကျွန်တော် အိမ်ရောက်တော့ အပေါ်တက်ပီး ရေချိုး အနားယူလိုက်သည်။ ခဏနေတော့ အောက်ဆင်းကာ စားသောက်ပီး အပေါ်တက် စာထိုင်လုပ်လိုက်သည်။ ကျွန်တော်လည်း စာထိုင်လုပ်နေရင်း စိတ်က မတင်မကျဖြစ်နေသည်။ oaujun နဲ့ စနောက်ခဲ့တာတွေကို စဉ်းစားပီး စိတ်လည်း မကောင်းဖြစ်နေတော့ ကျွန်တော်လည်း စာမလုပ်တော့ပဲ စာအုပ်ကို ပိတ်လိုက်သည်။ ပီးတော့ အောက်ဆင်းလာပီး ဖိနပ်စီးတော့ mom က ဧည့်ခန်းထဲကနေထိုင်နေရင်း

''kit လေး ဘယ်လဲ''

''ခြံထဲဆင်းမို့''

''ဘာလဲ sing လေးနဲ့ ရန်ဖြစ်ပြန်ပီလား''

''ဟာ မဖြစ်ပါဘူး''

''မသိဘူးလေ ခါတိုင်းဆို sing လေးဆီသွားတာ အခု ခြံထဲဆိုလို့ မေးကြည့်တာ''

''မဟုတ်ပါဘူး''

''အင်း အင်း''

mom က ခေါင်းတညိတ်ညိတ်နဲ့ ကျန်ခဲ့သည်။ ကျွန်တော်လည်း ခြံထဲဆင်းလာပီး ခုံတန်းရောက်တော့ ထိုင်ပီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ပီးတော့ p' တို့အိမ်ဘက်ကို လှည့်ကြည့်လိုက်ပီး ဘောင်ဘီအိတ်ထဲက ဖုန်းကိုထုတ်လိုက်ပီး ဖုန်းခေါ်လိုက်သည်။ တစ်ဖက်မှ p' က

''kit kit ပြော''

''p' စာလုပ်ပီးပီလား ''

''အင်း ပီးပီ စာအုပ်တွေ သိမ်းနေတာ ''

''ကျွန်တော် ခြံထဲမှာ လာခဲ့ပါလား''

''အင်း လာမှာပေါ့''

''အင်း ဒါပဲ''

''အေး အေး''

ကျွန်တော်တို့ ဖုန်းချလိုက်သည်။ ခဏနေတော့ p' က အိမ်ကထွက်လာပီး သူ့ခြံထဲကနေ

''kit kit''

''ဟင်''

''ကိုယ်လာနေပီ''

''တွေ့တာပဲကို ''

''ဟင်း ဟင်း''

သူက နည်းနည်းလျှောက်ပီး ကျွန်တော်တို့ခြံနဲ့ သူတို့ခြံကို ကူးဖို့ တစ်ယောက်ဝင်စာ တံခါးသေးသေးလေးလုပ်ထားတော့ အဲကနေဝင်လာသည်။ ငယ်ငယ်တည်းက အဲတံခါးကနေ ဟိုဘက်ကူး ဒီဘက်ကူး လုပ်နေကြတာ အခုနောက်ပိုင်းမှ ခြံဝကနေတစ်ကွေ့ပက်ပီး သွားလာနေကြတာလေ။

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now