ညီအစ်​ကိုချစ်​သူ ၁၀၈

797 39 2
                                    

brother lover (P 108)
(ညီအစ်ကိုချစ်သူ)

kit//
par နဲ့ mom ထွက်သွားတာကို ကျွန်တော်တို့ mom နဲ့ ထိုင်နေရင်း လိုက်ကြည့်နေလိုက်သည်။ ပီးတော့ mom က

''ကဲ မင်းတို့ ဘယ်လိုတွေ စီစဉ်ထားကြလဲ''

p' က

''ကျွန်တော်တို့ မနက်ဖြန် ဆေးရုံသွား စုံစမ်းမယ်''

''အေးပါ mom လည်း လိုက်ဖို့ လိုမလား''

''ရပါတယ် သားတို့ အရင်မေးပီး လိုမှ ခေါ်မယ်လေ''

''အေး အေး အော် မနက်ဖြန် သား par က အလုပ်လာခိုင်းတယ်လေ''

''ဟုတ် mom သူနဲ့ ဆေးရုံသွားပီးမှ သွားတော့မယ်''

''အေး အေး''

mom က ခေါင်းညိတ်တော့ ကျွန်တော်တို့လည်း မျက်လုံးချင်းဆုံ ပြုံးလိုက်သည်။ ပီးတော့ mom က

''mom လည်း နားတော့မယ် ''

''ဟုတ်''

mom က ပြောပီး အပေါ်တက်သွားသည်။ ဒါနဲ့ ကျွန်တော်က p' ကို တထောင်နဲ့ တို့လိုက်ပီး

''ကျွန်တော်တို့ ဆန္ဒပြည့်သွားပီ''

''အင်း မင်း အဆင်မပြေမှာပဲကြောက်တာ''

''အဆင်ပြေပါစေလို့ဆုတောင်းတယ် ဒါပေမဲ့ ကျွန်တော်လည်း ကြောက်တယ်''

''ဒါဆို ကိုယ် တာဝန်ယူလိုက်မယ်လေ''

''ဟင့်အင်း ကျွန်တော် p' အတွက် လုပ်ပေးချင်လို့ပါ''

''ဟင်း ဟင်း ချစ်လိုက်တာ kit kit ရယ်''

''ကျွန်တော်လည်း အတူတူပါပဲ''

p' က ကျွန်တော့် ပါးလေးကို ဆွဲပီး ပြောလိုက်တော့ ကျွန်တော်လည်း ပြန်ပြောပီး သေချာကြည့်နေလိုက်သည်။ p' ကလည်း ပြုံးပီး သေချာကြည့်နေရင်း

''ကိုယ့်အတွက်စဉ်းစားပေးလို့ ဆုပေးမယ်''

''ဟိတ် p' အပြင်မှာလေ ''

''ဟင်း ဟင်း''

p' က ပြောပီး ခေါင်းလေးလှမ်းကိုင်ကာအနားတိုးလာတော့ ကျွန်တော်က ခေါင်းနောက်ဆုတ်လိုက်ပီး ပြောလိုက်တော့ p' က ရယ်နေသည်။ ပီးတော့ ကျွန်တော်တို့လည်း အိမ်တံခါးတွေပိတ်ပီး အပေါ်တက်လာခဲ့သည်။

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now