ညီအစ်ကိုချစ်သူ ၅၆

1K 58 0
                                    

brother lover (p 56)
(ညီအစ်ကိုချစ်သူ)

kit//
p' က ကျွန်တော့်ကို ကျောင်းဆောင်ထိလိုက်ပို့တော့ ကျွန်တော်လည်း အတန်းကို သွားလိုက်သည်။ new က ရောက်နေတော့ ကျွန်တော်က ခုံမှာဝင်ထိုင်ရင်း

''ဟ ဘယ်လိုဖြစ်လို့ စောနေတာလဲ''

''အိမ်မှာ နားညည်းလို့''

''ဘာလို့လဲ''

''par ပေါ့ ဆူနေတာ ညက လမ်းထဲက သူငယ်ချင်းတွေက ဆိုင်သွားမယ်ဆိုလို့ ခေါ်တာကွာ ငါလည်း အိမ်မှာ ပျင်းတာနဲ့ လိုက်သွားတော့ နည်းနည်းပါးပါးသောက်မိတယ် အဲဒါကို par က ပြောလို့မပီးဘူး ဒါနဲ့ စောစောထွက်လာတာ''

''အော်''

ကျွန်တော်တို့ စကားပြောနေတုံး တခြား အတန်းဖော်တွေ ဝင်လာသည်။ ပီးတော့ mari တို့ပါ ရောက်လာလို့ စကားထိုင်ပြောနေလိုက်သည်။  နောက်တော့ oaujun က ဝင်လာသည်။ သူ့ကို လှမ်းကြည့်တော့ မျက်နှာကဆူပုပ်ပီး ကျွန်တော့်ကို ကြည့်နေသည်။ ဒါနဲ့ ကျွန်တော်လည်း အံ့သြပီး ကြည့်နေတော့ သူက လျှောက်လာရင်း သူ့စားပွဲပေါ် လွယ်အိတ်ကို တင်လိုက်သည်။ ပီးတော့ ကျွန်တော့်အနားကိုလာပီး ကျွန်တော့် အင်္ကျီကော်လံကို ဖမ်းဆုပ်ပီး

''မင်းတို့ nong p' တွေ လုပ်ပုံကောင်းသေးလား''

''ဘာလဲ''

ကျွန်တော်လည်း ထရပ်လိုက်သည်။ mari ကလည်း အနားကို ရောက်လာပီး

''ဟဲ့ သူငယ်ချင်းတွေပဲ အေးအေးဆေးဆေးပြောပါ''

''ဘာဖြစ်တာလဲ''

new ကပါ မေးပီး oaujun ကို ဆွဲတော့ oaujun က ကျွန်တော့်အင်္ကျီကို လွှတ်လိုက်ပီး

''သူတို့ ညီအစ်ကိုတွေက ငါ့ nong နဲ့ p' ကို လှည့်စားနေတာကွ သူက jan ကို လှည့်စားတယ် ဒါကို p'sing က မကြိုက်လို့ဆိုပီး ငါက jan ကို တားလိုက်တယ် အခု p'sing က ငါ့ p'nem ကို လမ်းခွဲစကားပြောတယ်တဲ့''

mari က အံ့သြပီး

''ဟုတ်လား နင် ဘယ်ကကြားလာတာလဲ''

''ညက p'nem jan ကို ပြောပြပီး ငိုနေတာကို ကြားခဲ့တာ ငါ ညတည်းက လာမေးဖို့ p'nem က မပြောနဲ့ဆိုလို့ သည်းခံနေတာ''

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now