ညီအစ်​ကိုချစ်​သူ ၈၇

851 52 0
                                    

brother lover (P 87)
(ညီအစ်ကိုချစ်သူ)

kit//
သူက ကျွန်တော့် ခြေထောက်ပေါ် ခြေတစ်ဖက်တင်ထားပီး ကျွန်တော့် ခါးကို အနောက်ကနေဖက်ထားသည်။ ပီးတော့ လက်တစ်ဖက်က ကျွန်တော့်ဗိုက်ပေါ်တင်ရင်း  လက်ကို
ကိုင်ထားသည်။ ပီးတော့ သူက မျက်လုံးလေးမှိတ်ပီး ပခုံးကို မှီထားတော့ ကျွန်တော်​လည်း ပြုံးနေလိုက်သည်။

ခဏနေတော့ သူက ကျွန်တော့် ကျောနောက်က ဖက်ထားတဲ့ လက်ကို ထုတ်လိုက်ပီး ခေါင်းအုံးပေါ် တထောင်နဲ့ ထောက်လိုက်သည်။ ခြေထောက်တွေကိုပါ ဖယ်လိုက်သည်။ ပီးတော့ သူက ရပီပြောတော့ ကျွန်တော်လည်း ပြန်မေးလိုက်သည်။ သူက ခေါင်းညိတ်လိုက်တော့ ကျွန်တော်လည်း ကုတင်ပေါ်က ဆင်းပီး  စက်ကို သွားယူလိုက်သည်။ ဒါနဲ့ သူက ကုတင်ပေါ်မှထလိုက်ပီး

''စက်က သူ့သခင်ဆီမှာ နေတာကို ''

''ကျွန်တော်က သူ့ရဲ့ သခင်လေ''

ကျွန်တော်က ကျွန်တော့်ကိုယ်ကျွန်တော် လက်ထိုးပြပီး ပြောတော့ သူက မျက်နှာလေးမဲ့ပြပီး

''မဟုတ်ပါဘူး မင်းက ပိုင်ရှင်ပဲရှိသေးတာ ကိုယ်က သခင်လေ... ''

"အွန်း''

"မင်းကို ကိုယ်​ပိုင်​တယ်​​လေ အဲအတွက်​ စက်​ကိုလည်း ကိုယ်​ပိုင်​​တော့ သခင်​​ပေါ့ စက်က သခင်ဆီရောက်နေတော့ စက်ပိုင်ရှင်လည်း သခင်ဆီမှာ နေလိုက်ပေါ့''

''အော အော နုံတယ် ဟင်း ဟင်း''

''ဟင်း ဟင်း''

ကျွန်တော်တို့ ရယ်လိုက်ကြသည်။ ပီးတော့ သူက သူ့စက်ကို ပိတ်ရင်း

''ကိုယ်က ပျင်းနေတာ''

''ဒါဆို ဂိမ်းဆော့ပေါ့ ''

''မင်းရော ဆော့ပေးမှာလား''

''ဟင်''

ကျွန်တော်က ကြောင်သွားတော့ သူက

''အော သွားပါ ပြန်ချင်နေတဲ့သူကို ခေါ်မထားတော့ပါဘူး သွား သွား''

''ဟင်း ဟင်း''

သူက မျက်နှာငယ်နဲ့ ပြောတော့ ကျွန်တော်လည်း ကြည့်ပီး ရယ်လိုက်သည်။ ပီးတော့ ကျွန်တော်က စက်လေးကိုင်ပီး ကုတင်ပေါ်သွားထိုင်လိုက်သည်။ ဒါကို သူက စက်အဖုံးကို ပိတ်လိုက်ပီး သေချာကြည့်နေသည်။

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now