ညီအစ်ကိုချစ်သူ ၅၂

1.1K 75 0
                                    

brother lover (P 52)
(ညီအစ်ကိုချစ်သူ)

kit//
ကျွန်တော် ကျောင်းသွားဖို့ ပြင်နေတုံး p' က အပေါ်တက်လာရင်း စကားပြောသံကြားတော့ ကျွန်တော် အခန်းအဝကို လှည့်ကြည့်လိုက်သည်။ ပီးတော့ မှန်ကြည့်ပီး ခေါင်ဖီးနေတော့ p' က အခန်းထဲဝင်လာပီး

''kit kit ပီးပီလား''

''အင်း ပီးပီလေ ဘာလို့လဲ စောသေးတာပဲကို''

''အင်း စောစောထွက်လာတာ''

''ဘာလို့လဲ''

"​ကျောင်းကို စောစောသွားဖို့ပါ ပီးရင်လာလေ သွားမယ်''

''အင်း''

ကျွန်တော်လည်း ဘီးကို ခုံပေါ်တင်လိုက်ပီး လွယ်အိတ်ယူကာ ထွက်လာခဲ့သည်။ ကျွန်တော်က လှေကားပေါ်ကဆင်းရင်း

''ဟွန်းတီးလိုက်ရင် ရတာကို''

''မင်း မပီးလောက်သေးဘူးထင်လို့ တက်လာတာ''

''အော်''

ကျွန်တော်တို့ အောက်ဆင်းတော့ mom နဲ့ mom mom ကို နှုတ်ဆက်ပီး ထွက်လာခဲ့ကြသည်။ ကားပေါ်တက်တော့ p' က မောင်းထွက်လာသည်။ ဒါနဲ့ ကျွန်တော်က

''p' က ဘာလို့ အစောကြီး သွားတာလဲ''

''ကိုယ် nem ကို ချိန်းပီး ပြောမလို့လေ''

''ကျွန်တော်တို့တွဲတဲ့ အကြောင်းကို ပြောမလို့လား''

''မဟုတ်ပါဘူး သူ့ကို သူငယ်ချင်းလိုပဲ ဆက်နေချင်တယ်ပြောမှာပေါ့''

''အင်း မနေ့က p' ပြောတော့ အဆင်ပြေမှဆို အခုတော့ ဘာဖြစ်လို့ အသဲအသန်ဖြစ်နေတာလဲ''

''ကိုယ့်ရဲ့ တစ်ဦးတည်းသော nong lover ဖြစ်တဲ့ ဦးကောက်သေးလေးကို စိတ်ချမ်းသာစေချင်လို့''

''အမလေး တိုတိုပြောလည်းရပါတယ် ကြေငြာနေရသေးတယ်''

''ဟင်း ဟင်း''

''nong lover တဲ့ ကဗျာဆန်နေလိုက်တာ''

''ဟင်း ဟင်း မကြိုက်ဘူးလား''

''အွန်း''

ကျွန်တော်က ခေါင်းခါပီး နှာခေါင်း ရှုံ့ပြလိုက်တော့ သူက တစ်ချက်လှည့်ကြည့်ပီး

''မကြိုက်တဲ့ ရုပ်ကြီးကလည်း''

''ဟင်း ဟင်း''

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now