ညီအစ်ကိုချစ်သူ ၂၇

1.1K 66 0
                                    

btother lover (p 27)
(ညီအစ်ကိုချစ်သူ)

kit//
ကျွန်တော်တို့ စကားပြောနေတုံး ဖုန်းဝင်လာတော့ new က

''ဘာလဲ p' လာမကြိုဘူးလား''

''မဟုတ်ပါဘူး နောက်ကျမယ်ပြောတာ''

''အော်''

''မင်းတို့ ပြန်ချင်ပြန်လေ''

oaujun က
''ရပါတယ်ကွာ စောင့်ပါ့မယ်''

''အင်း''

new က
''မင်းကလည်း ငါလိုက်ပို့ပေးလို့ရပါတယ် မင်း p' ကိုပဲ စောင့်နေတယ် p' လည်း သူ့ချစ်သူနဲ့ တွေ့ချင်မှာပေါ့''

''...''

new စကားကို ကျွန်တော် ဘာမှမပြောပဲနေတော့ oaujun က

''မင်းကလည်း သူတို့ ကျောင်းမှာတွေ့နေတာပဲ တော်ပီပေါ့''

new က
''တူမလားကွ မင်းကလည်း ရည်းစားမထားဖူးပဲနဲ့''

oaujun က
''မင်းရော ထားဖူးလို့လား''

''မထားဖူးပါဘူး''

''အဲဒါပဲ ပြောနေသေးတယ်''

''ငါတို့က ဗဟုသုတရှိတယ်ကွ''

''သေလေ''

သူတို့နှစ်ယောက် အပြန်အလှန် ပြောနေတာကို နားထောင်ရင်း ထိုင်နေလိုက်သည်။
'သူတို့ပြောတာလည် မှန်နေတာပဲ p' လည်း သူ့ချစ်သူနဲ့ အေးအေးဆေးဆေး တွေ့ချင်မှာပေါ့ သူတို့ကို အားနာပေမဲ့ p' က ခဏစောင့်လို့ ပြောတာပဲ ငါ စောင့်လိုက်ပါ့မယ်'

ဒါနဲ့ ကျွန်တော်တို့ဆက်စောင့်နေလိုက်သည်။

sing//
ကျွန်တော် jan ကျောင်းကိုရောက်တော့ jan က ကျောင်းအဝင်ဝက ခုံတန်းလေးမှာ စောင့်နေသည်။ ကျွန်တော်တို့ သူထိုင်နေတာကို တွေ့တော့ ကျွန်တော် သူ့ခုံနားကို မောင်းသွားလိုက်ပီး မှန်တံခါးချကာ

''jan ''

သူက ဖုန်းသုံးနေရင်း မော့ကြည့်တော့ ကျွန်တော်ကလက်ပြလိုက်သည်။ သူက ထလိုက်ပီးကြည့်နေတော့ nem က တံခါးဖွင့်ဆင်းပီး

''jan လာ''

လို့ ခေါ်လို့ သူလျှောက်လာသည်။ အနားရောက်တော့

''ဘယ်လို မျက်စိလည်လာကြတာလဲ ''

''ငါတို့ ဖက်ထုပ်သွားစားဖို့ လာခေါ်တာ''

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now