ညီအစ်​ကိုချစ်​သူ ၁၁၆

866 43 0
                                    

brother lover (P 116)
(ညီအစ်​ကိုချစ်​သူ)

sing//
သူက မျက်​လုံး​လေးမှိတ်​ကာ အိပ်​​ပျော်​သွား​တော့ ကျွန်​​တော်​သူ့လက်​​လေးကို ကိုင်​ရင်း သူ့မျက်​နှာ​လေးကို ကြည့်​​နေလိုက်​သည်​​။ ဆရာဝန်​​တွေက​တော့ သူတို့အလုပ်​သူတို့လုပ်​​နေကြသည်​။ ကျွန်​​တော်​က​တော့ သူ့ကိုကြည့်​ရင်း စိတ်​ထဲမှာ​တော့ ပူပန်​​စိုးရိမ်​​နေမိသည်​။

သူက​တော့ ဘာမှမသိပဲ အိပ်​စက်​အနားယူ​နေသည်​။ သူလည်း သနားပါတယ်​ မိခင်​​တွေနဲ့ မခြား ရင်​​သွေးကို လွယ်​ပေးထားရတာ သူ့အတွက်​ခက်​ခဲမယ်​ဆိုတာ သိပါတယ်​ မိခင်​​တွေ​တောင်​ ဂရုတစိုက်​ ကြိုးစားပီး လွယ်​ထားတာ သူက ​ယောက်ျား​လေးဖြစ်​ပီး ကိုယ့်​အတွက်​ သည်းခံစိတ်​ရှည်​ပီး ကိုယ်​တို့ မျိုးဆက်​​လေးကို လွယ်​ကာ​မွေး​ပေးတဲ့အတွက်​ ​ကျေးဇူးတင်​ပါတယ်​ kit kit ရယ်​ ကိုယ်​ မင်းကို ​နောက်​ဆို ဒီထက်ပိုပီး ဂရုတစိုက်​ချစ်​​ပေးပါမယ်​...

ကျွန်​​တော်​လည်း ​မေ့​ဆေး​ပေးထားလို့ အိပ်​​ပျော်​​နေတဲ့ သူ့မျက်​နှာ​လေးကို သနားတဲ့အကြည့်​နဲ့ ကြည့်​​နေရင်း မျက်​ရည်​​တွေက ဝဲလာသည်​။ ကိုယ်​တို့ရဲ့ မျိုးဆက်​မတုံးသွား​အောင်​ မင်းက လုပ်​​ဆောင်​​ပေးခဲ့တာပါ မင်းရဲ့နှိုင်းဆမရတဲ့ စိတ်​ဓာတ်​​လေးကိုလည်း ​လေးစားတယ်​ ချစ်​လည်း ချစ်​တယ်​ kit kit မင်းဗိုက်​ထဲက က​လေး​လေး အမြန်​ဆုံးထွက်​လာပီး မင်း အရင်​လို လွတ်​လပ်​တဲ့ဘဝ​လေးကို ပြန်​​ပေးချင်​မိတယ်​ ဒါ​ကြောင့်​ date မ​ရောက်​​သေးပဲ ကိုယ်​ ​မွေးဖို့ခွင့်​ပြုလိုက်​တာပါ...

ကျွန်​​တော်​ ​တွေး​နေတုံး nurse က က​လေးကို ချီလာပီး

"par par ​ရေ ဒီမှာ​လေ က​လေး​လေး''

"ဗျာ''

ကျွန်​​တော်​က ကြည့်​လိုက်​​တော့ ဗလာရှင်း​နေတဲ့ ကိုယ်​လုံး​လေးကနီရဲပီး လုံး​​နေသည်​။ ဒါနဲ့ ကျွန်​​တော်​က ထလိုက်​ပီး

"အိုး ချစ်​စရာ​လေး ​ယောက်ျား​လေး​နော်​''

"အင်း''

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now