ညီအစ်​ကိုချစ်​သူ ၁၀၇

826 48 1
                                    

brother lover (P 107)
(ညီအစ်ကိုချစ်သူ)

kit//
p' က တစ်ပတ်လောက် အလုပ်မသွားပဲနေသည်။ ကျွန်တော်တို့လည်း အိမ်တွင် ဂိမ်းဆော့လိုက် အပြင်ထွက်လည်လိုက် TV ကြည့်လိုက်နဲ့ အချိန်ကို ကုန်ဆုံးစေခဲ့သည်။

ဒီလိုနဲ့ တစ်ပတ်ပြည့်လို့ ကျွန်တော်တို့နှစ်ယောက် ညနေထမင်းစားပီးတိုင်း ဘယ်မှမထွက်တော့ပဲ ကျွန်တော့်အခန်းတွင် နေလေ့ရှိသည်။ အဓိက,ကတော့ par par ကိုတွေ့မှာစိုး၍ ဖြစ်သည်။

အဲဒါနဲ့ ကျွန်တော်တို့နှစ်ယောက် အခန်းထဲအောင်းပီး p' က ဆိုဖာခုံမှာ ထိုင်နေတော့ ကျွန်တော်လည်း p' ပေါင်ပေါ်ကို ခေါင်းလေးတင်လှဲကာ ဂိမ်းဆော့နေလိုက်သည်။ p' က ကျွန်တော့်ဗိုက်ပေါ်ကို လက်လေးတစ်ဖက်တင်ထားသည်။ နောက်တစ်ဖက်က ကျွန်တော့်ခေါင်းကိုပိုက်ကာ တစ်ဖက်က ကျွန့်ပါးတစ်ဖက်ကို အုပ်ကိုင်ထားသည်။ ပီးတော့ သူက ကျွန်တော် ဆော့နေတဲ့ဂိမ်းကို ကြည့်နေသည်။

နောက် နှစ်နာရီလောက်ကြာတော့ အပြင်မှ

''ဒေါက် ဒေါက် ... kit လေး ''

တံခါး​ခေါက်​ပီး mom mom လှမ်းခေါ်သံကြားလို့ ကျွန်တော်က ထထိုင်လိုက်သည်။ p ' ကတံခါးကို လှမ်းကြည့်တော့ mom mom က

''sing လေး... kit လေးရေ''

ဒါနဲ့ ကျွန်တော်တို့ထလိုက်ပီး တံခါးနားကို လျှောက်သွားရင်း ကျွန်တော်က

''လာပီ mom mom''

ကျွန်တော်က ပြောပီး တံခါးဖွင့်လိုက်သည်။ အဲဒါကို mom mom က အခန်းထဲဝင်လာပီး

''sing လေး သား mom နဲ့ par အောက်မှာရောက်နေတယ် သားတို့နဲ့ စကားပြောဖို့တဲ့''

ဒါနဲ့ ကျွန်တော်က p' ကို ကြည့်လိုက်တော့ p' က မျက်လုံးလေးပြူးပီး

''ကျွန်တော် ဒီမှာရှိတာ par ဘယ်လိုသိတာလဲ mom mom''

mom mom က မျက်မှောင်လေးကျုံ့ပီး

''မသိဘူးလေ လာ လာ''

''ဟုတ်''

ကျွန်တော်တို့နှစ်ယောက်ခေါင်းညိတ်ပီး
mom mom နောက်ကို လိုက်လာခဲ့သည်။ ဒါနဲ့ အောက်ရောက်တော့ p' က ကျွန်တော့်ကို လှမ်းကြည့်ပီး မျက်ခုံးပင့်ပြသည်။ ဘယ်လိုလုပ်မလဲပေါ့ ဒါနဲ့ ကျွန်တော်လည်း မျက်မှောင်လေးကျုံ့ပီး ခေါင်းခါပြလိုက်သည်။ ပီးတော့ ကျွန်တော်တို့ mom mom နောက်က မဝံ့မရဲ လိုက်သွားလိုက်သည်။

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now