ညီအစ်​ကိုချစ်​သူ ၆

1.7K 99 6
                                    

brother lover (p 6)
(ညီအစ်ကိုချစ်သူ)

''ကိုယ့်အပြစ်မှန်းသိလို့ လာတောင်းပန်နေတာလေ''

''အခုတောင်းပန်ပီးပီမလား သွားတော့ ''

sing//
ကျွန်တော်လည်း ကိုယ်မှားမှန်းသိတော့ အလျော့ပေးလိုက်သည်။ အမှန်တော့ အမြဲတမ်းလည်း လျော့နေရတာပါပဲ။ ခုနက စိတ်တိုတိုနဲ့ အော်လိုက်မိလို့ချော့ရဦးမည်။ တော်ကြာ ဦးစိတ်ကောက်က ကျေနပ်မှာမဟုတ်ပေ။ ဒါနဲ့ ကျွန်တော်က

''သွားလို့မရသေးဘူးလေ mom mom က တာဝန်ပေးထားတယ်''

''ဘာလဲ''

''မင်းကို ဆေးသိုက်ဖို့လေ''

''အော mom mom က ခိုင်းလို့လာတာပေါ့''

''ဟာ မဟုတ်ပါဘူး မင်းကို တောင်းပန်ဖို့ပါ ဒါကို mom mom က ခိုင်းလိုက်တာ''

''...''

''ရော့ ဒီဆေးသောက်လိုက်ဦး''

''ဟာ လာပြန်ပီ မသောက်ပါဘူးဆို''

''လုပ်ပါ လိမ္မာတယ် နော် ''

''မသောက်ဘူး''

''kit kit ...''

''မသောက်ဘူး ''

ကျွန်တော်က သူ့လက်ထဲအတင်း ဆေးထည့်ပေးနေတော့  ရုန်းပီး ပြောလိုက်သည်။ ဒါနဲ့ ကျွန်တော်က သူ့ပါးနှစ်ဖက်ကိုကိုင်ပီး

''kit kit ကလည်း လိမ္မာရဲ့သားနဲ့ ဆိုးနေတယ်''

''အွန်း ဖယ်ပါ''

''မဖယ်ဘူး ဒီဦးစိတ်ကောက်ကို ငယ်ငယ်ကလို ချော့ပေးဦးမယ် အွန်း မွ''

''ဟာ ဖယ်ပါ''

ကျွန်တော်က သူ့ပါးတစ်ဖက်ကို နမ်းလိုက်တော့ သူက ကျွန်တော့်လက်ကို ဆွဲဖယ်ပီး တွန်းလိုက်သည်။ ဒါနဲ့ ကျွန်တော်က လွတ်ပေးပီး

''ဒါဆို သောက်လေ''

''အာ ပေးပေး မပီးတော့ဘူး''

''ဟင်း ဟင်း''

သူက ကျွန်တော့် လက်ထဲက ယူပီး ပါးစပ်ထဲထည့်ကာ ရေခွက်ကို ယူပီး မော့သောက်လိုက်သည်။ ဒီတော့ ကျွန်တော်က ပြုံးကြည့်နေပီး

''စိတ်ဆိုးပြေသွားပီနော်''

''ဘယ်သူပြေတယ်ပြောလို့လဲ''

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now