ညီအစ်ကိုချစ်သူ ၄၅

1.2K 67 0
                                    

brother lover (P 45)
(ညီအစ်ကိုချစ်သူ)

kit//
ကျွန်တော် p' တို့အိမ်ကပြန်လာပီ အိမ်ရောက် တော့ ဧည့်ခန်းတွင် ဝင်ထိုင်လိုက်ပီး အင်္ကျီကို စားပွဲပေါ်တင်လိုက်သည်။ ပီးတော့ ကျွန်တော့်ရင်ဘတ်ပေါ်လက်တင်ပီး  မျက်စိမှိတ်ကာ နှလုံးခုန်သံကို စမ်းကြည့်လိုက်သည်။ အခုန်မြန်နေတဲ့ နှလုံးသားလေး ပုံမှန်ခုန်နေတဲ့ ခုန်ချက်တွေကို မရောက်သေးပေ။ ခုန်​ချက်​​တွေက မြန်​​နေဆဲပဲ။

ကျွန်တော်လည်း လက်ကို ပြန်ဖယ်လိုက်ပီး ဆိုဖာပေါ်နောက်မှီထိုင်ကာ ပြုံးလိုက်သည်။ အဲအချိန်မှာ par က အခန်းထဲက ထွက်လာပီး

''အော် ပြန်လာပီလား''

par အသံလာရာ လှမ်းကြည့်လိုက်တော့ par က ကျွန်တော့်ဆီလျှောက်လာနေသည်။ ဒါနဲ့ ကျွန်တော်က

''ဟုတ်''

''သူငယ်ချင်းတွေ မရောက်သေးဘူးလား''

''မရောက်သေးဘူး par သူတို့ကို ၁၁ နာရီခေါ်ထားတာ''

''အော် တစ်နာရီတောင်လိုသေးတာပဲ''

''ဟုတ်''

par က နာရီလှမ်းကြည့်ပီး ပြောလိုက်တော့ ကျွန်တော်က ခေါင်းညိတ်လိုက်သည်။ ဒါကို par က ခုံမှာဝင်ထိုင်ရင်း စားပွဲပေါ်က အင်္ကျီကို ​တွေ့သွားပီး

''ဒါက ဘာလဲ''

''p' mom က  မွေးနေ့လက်ဆောင်ပေး ထားတာ ဒါက သား အတွက်တဲ့''

''အော် ဟိုနေ့က  သူသိုးမွှေးထိုးနေတာ ဒါဖြစ်မယ်''

''ဟုတ်မယ်''

''မင်းတို့မွေးနေ့ကလည်း တစ်ယောက်မွေးနေ့ လုပ်ရင် နောက်တစ်ယောက်အတွက်ပါပေးရတယ် မလွယ်ပါဘူးကွာ''

''အဲဒါ par တို့ပဲ အကျင့်လုပ်တာလေ ငယ်ငယ်​တည်းက ပေးလာပီးတော့''

''အွန်း အဲဒါ par တို့လုပ်တာမဟုတ်ဘူး မင်းလုပ်တာလေ sing လေး မွေးနေ့ရောက်လို့ လက်ဆောင်ပေးရင် မင်းမွေးနေ့ရောက်တဲ့ အခါ sing လေး မွေးနေ့တုံးကပေးတဲ့ လက်ဆောင်ပဲ လိုချင်ပါတယ်ဆိုလို့​လေ မွေးနေ့က ၃ လလောက် ကွာ​တော့ သူ့ကိုဝယ်ပေးတဲ့ ပစ္စည်းက ကုန်တာနဲ့ တိုးရင် ငါတို့မှာ  လိုက်ပတ်ရှာ ရတယ်လေ ကြာတော့ ပင်ပန်းလွန်းလို့ မရှာတော့ပဲ sing လေးကိုပေးရင် မင်းအတွက်ပါတခါတည်း ဝယ်လာရတာပေါ့ ''

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now