ညီအစ်ကိုချစ်သူ ၅၁

1.1K 66 2
                                    

brother lover (P 51)
(ညီအစ်ကိုချစ်သူ)

kit//
p' က စကားပြောရင်း ကျွန်တော့်ပါးနှစ်ဖက်ကို ကိုင်ပီး နမ်းဖို့လုပ်တော့ ကျွန်တော်လည်း ရှက်ပီး တွန်းလိုက်သည်။ ဒါကို p' က ရယ်ပီး ကျွန်တော့်ကို ကြည့်နေသည်။ ကျွန်တော်က  ပြုံးလိုက်ပီး သူ့ကို မျက်လုံးစွေကြည့်လိုက်​သည်။ ဒါနဲ့ ကျွန်တော်တို့နှစ်ယောက် ပြုံးရင်း ကြည့်နေလိုက်ကြသည်။

ဒါကို သူက ကျွန်တော့်လက်ကို ဆုပ်ကိုင်ပီး လက်ဖမိုးကို နမ်းဖို့ လုပ်တော့  သူထပ်ကိုက်မယ်ထင်လို့ ကျွန်တော်လန့်ပီး လက်ကို ရုတ်လိုက်သည်။ ဒါကို သူက မလွှတ်ပဲ ကျွန်တော့်ကို သေချာကြည့်ပီး ကျွန်တော့် လက်ဖမိုးကို နမ်းလိုက်သည်။ ဒါနဲ့ ကျွန်တော်လည်း ပြုံးပီး ကြည့်နေသည်။ ပီးတော့ ကျွန်တော်က

''သွားလေ စာသွားလုပ်''

''စာက နည်းနည်းပဲကျန်တာ မင်းက ရှိနေတော့ ကိုယ်စာလုပ်လို့ ဘယ်ရတော့မလဲ''

''ဒါဆို ပြန်တော့မယ်''

ကျွန်တော်ကပြောပီး ထလိုက်တော့ သူက ပြန်ဆွဲပီး

''ဝိတ်...''

''ဟင်း ဟင်း''

''မင်း မရယ်နဲ့ ငါ့ စိတ်တွေ မထိန်းနိုင်ဖြစ်လိမ့်မယ်''

''အခုမှ အကဲပိုနေတယ်''

''အခုမှ မဟုတ်ပါဘူးကွာ ကိုယ် အရင်ထဲက အကဲပိုနေတာပါ nem တောင်သိတယ် ကိုယ် မင်းအကြောင်းပြောရင် nem က အဲအလို အမြဲပြောနေတာလေ''

သူက အဲလိုပြောလိုက်တော့ ကျွန်တော် သူ့ကို လှမ်းကြည့်လိုက်သည်။ သူ p'nem ကို သတိရနေတာကို ကြည့်ပီး ကျွန်တော် စိတ်မကောင်းဖြစ်သွားသည်။ ဒါကို သူက ကျွန်တော့်ကို လှမ်းကြည့်ပီး သတိရသွားတော့

''အော ဟို ကိုယ်ပြောတာ မင်းကို အကဲပိုတာ တခြားသူတွေတောင် မြင်တယ်ဆိုတာကို ပြောချင်တာ''

ဒါနဲ့ကျွန်တော်က စားပွဲပေါ်ကို အကြည့်လွှဲလိုက်ပီး

''သိပါတယ် ကျွန်တော့်ကြောင့် p' တို့ အနှောင့်အယှက်ဖြစ်နေပီမလား''

''အာ မဖြစ်ပါဘူး ကိုယ် ပြောမိတဲ့အတွက် တောင်းပန်ပါတယ် နောက် မပြောတော့ဘူး''

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now