ညီအစ်ကိုချစ်သူ ၄၉

1.1K 63 0
                                    

brother lover (P 49)
(ညီအစ်ကိုချစ်သူ)

kit//
ကျွန်တော် အိမ်ထဲဝင်လာတော့ mom mom က အနောက်ထဲက ထွက်လာပီး

''kit လေး တံခါးတွေပိတ်လိုက်တော့ သား mom mom တို့ နားချင်ပီ''

''ဟုတ်ကဲ့''

mom mom တို့က p' မွေးနေ့အတွက် ပြင်ဆင်ပေးရလို့ ပင်ပန်းနေကြပီပေါ့။ ကျွန်တော်လည်း ခြံတံခါး အိမ်တံခါးပိတ်ပီး အခန်းထဲသို့ ဝင်လာသည်။ အခန်းထဲရောက်တော့ ကျွန်တော်လည်း ကုတင်ပေါ်လှဲလိုက်သည်။

မနက်ဖြန်ကျောင်းတက်ရမှာကို စာတောင် ပြန်မလေ့လာနိုင်တော့ဘူး။ p' ရဲ့အချစ်ကိုရလို့ ပျော်ရွှင်နေမိသည်။ ကျွန်တော် ရေချိုးခန်းထဲဝင်ပီး ခြေလက်ဆေးလိုက်သည်။ ပီးတော့ ကုတင်ပေါ်လှဲနေရင်း လက်လေးထောင်ကြည့်ကာ p' အရာပေးလိုက်တဲ့ လက်စွပ်ကွင်းလေးကို
ပွတ်နေလိုက်သည်။ အရာက မိန်ဖျော့နေပီး တဖြည်းဖြည်းနဲ့ ပျောက်တော့မည်။

ကျွန်တော်လည်းပြုံးပီး မျက်လုံးလေးမှိတ်ကာ နေလိုက်သည်။ တစ်နေကုန် သူငယ်ချင်းတွေကို ဧည့်ခံနေရလို့ ပင်ပန်းတာဖြစ်မည် ခဏလေးနဲ့ အိပ်ပျော်သွားသည်။

sing//
ကျွန်တော် အိမ်ထဲဝင်လာတော့ mom နဲ့ par က ခုံမှာ ထိုင်စကားပြောနေသည်။ ဒါနဲ့ ကျွန်တော် ဝင်သွားတော့ mom က

''sing လေး kit လေး ပြန်သွားပီလား''

''ဟုတ်''

''အေး အေး''

ကျွန်တော်လည်း အပေါ်သို့တက်လာခဲ့သည်။ အပေါ်ရောက်တော့ အခန်းထဲဝင်ပီး အခန်းတံခါး ပြန်ပိတ်တော့ mom mom ပေးတဲ့ ဘူးလေးကို ဘောင်ပေါ်တင်ထား
တာ တွေ့လို့ယူလာပီး စာကြည့်စားပွဲခုံတွင် ထိုင်လိုက်သည်။

ပီးတော့ အဲဘူးလေးကို ထုတ်ကြည့်လိုက်တော့ kit ပြောသလိုပဲ နာရီလေးဖြစ်နေသည်။ ဒါနဲ့ ကျွန်တော့် လက်ထဲက နာရီကို ချွတ်ပီး ဝတ်လိုက်သည်။ ပီးတော့ သေချာကြည့်နေလိုက် သည်။ ကျွန်တော့် နာရီကို အဲဘူးထဲထည့်လိုက် သည်။ ပီးတော့ ဘေးက ရှိုးကစ်က အပေါ်ဆုံးစင်ပေါ်ကို တင်ထားလိုက်သည်။

ပီးတော့ ကျွန်တော်လည်း ခြေလက်သွားဆေးပီး ကုတင်ပေါ်တွင် လှဲလိုက်သည်။ ကျွန်တော် နှုတ်ခမ်းလေးကိုင်ပီး ပြုံးလိုက်သည်။ 'လူဆိုးလေး ငါ့ကို ခိုးပီး နမ်းလိုက်တယ်ပေါ့ အဲဒါကြောင့် တစ်မျိုးဖြစ်နေတာ အိပ်မက်ထဲမှာ ငါက နမ်းတာပါ ဘာလို့ ငါက နမ်းခံရသလို ခံစားရတယ်လို့ တွေးနေတာ ဟင်း ဟင်း'

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now