ညီအစ်​ကိုချစ်​သူ ၁၁

1.5K 75 2
                                    

brother lover (p 11)
(ညီအစ်ကို ချစ်သူ)

kit//
p' က ပြောပီး ကျွန်တော့်ခေါင်းက ဆံပင်တွေကို ပွတ်ဖွလိုက်တော့ ကျွန်တော် ရယ်လိုက်မိသည်။ မျက်နှာမှာ ပြုံးလိုက်ပေမဲ့ ရင်ထဲမှာတော့ ဝမ်းနည်းနေခဲ့သည်။ သူက ပြုံးပီးကြည့်​​နေသည်​။ သူက nong တစ်ယောက်လို ဂရုစိုက်တော့ ကျွန်တော်လည်း သဘောကျနေမိသည်။ ဒါနဲ့ ကျွန်တော်က

''ကျွန်တော့်ကြောင့် p' တို့နှစ်ယောက်ချိန်းထားတာ ပျက်သွားလို့ ထပ်ပီးတောင်းပန်ပါတယ်နော်''

''kit kit''

''ဟင်''

ကျွန်တော်က ပြောပီး မျက်ရည်တွေက ဝဲလာခဲ့ သည်။ ဒါနဲ့ သူက သေချာကြည့်ပီး ခေါ်လိုက်တော့ ကျွန်တော်က ခေါင်းလေးငုံ့ပီး ထူးလိုက်သည် ဒါနဲ့ p' က

''မင်း ဘာတွေဖြစ်နေတာလဲ kit kit ဖျားပီး ရူးသွားတာလား''

''ဘာလဲ''

''ဘာလို့ တောင်းပန်တဲ့ စကားတွေပဲ ထပ်တလဲလဲ ပြောနေတာလဲ''

''ကျွန်တော့်ကြောင့် p' တို့ အနှောင့်အယှက်ပေး သလိုဖြစ်သွားလို့ပါ''

''ဒါဆို မင်း ငါတို့ နှစ်ယောက်ကို သဘောတူလိုက် ပီလား''

သူက အဲလိုမေးတော့ ကျွန်တော့်ရင်ထဲ ဆို့နစ်နေသည်။ ကိုယ်ချစ်တဲ့သူကို တခြားသူနဲ့ သဘောတူလားမေးတော့ ဘယ်လိုဖြေရမလဲ ခေါင်းကိုက်လို့မျက်လုံးတွေ ကျိမ်းနေတာကတစ်မျိုး သူ့အမေးကြောင့် ရင်ထဲဆို့နစ်နေလို့ မျက်ဝန်းမှာ မျက်ရည်ကြည်တွေတက်ကာ မျက်သားတွေစပ်နေ တာက တစ်မျိုးနဲ့ မျက်ဝန်းတွေ နီရဲနေသည်။ သူက

''မင်း သဘောတူလား မတူဘူးလား ပြောလေ''

sing//
သူက ကျွန်တော်တို့ကို နှောင့်ယှက်မိလို့ တောင်းပန်စကားပြောဆိုနေသည်။ သူ့မျက်နှာက နေမကောင်းလို့ ညှိုးနေတာနဲ့ ပီးတော့ ကျွန်တော်တို့ကို အားနာနေတာနဲ့ မျက်နှာက မကောင်းပေ။

သူက ကျွန်တော်တို့နှစ်ယာက်ကို တောင်းပန်တယ် ဆိုတော့ ကျွန်တော်လည်း သဘောတူလား မေးလိုက်မိသည်။ ဒါကို သူက မဖြေပဲ  ငြိမ်နေ သည်။ ဖျားလို့ မျက်နှာနီနေပေမဲ့ မျက်ဝန်းကလည်း ရဲတက်နေသည်။

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now