ညီအစ်ကိုချစ်သူ ၃၆

1.1K 80 2
                                    

brother lover (p 36)
(ညီအစ်ကိုချစ်သူ)

sing//
ကျွန်တော် အိပ်ရာကနိုးတော့ ရေချိုးဝတ်ဆင်ပီး အောက်ကို ဆင်းလာခဲ့သည်။ လှေကားတစ်ဝက်လောက်ရောက်တော့ အိမ်ရှေ့က လူရိပ်မြင်လို့ လှည့်ကြည့်လိုက်သည်။

အဲလူရိပ်က kit ဖြစ်နေတော့ ကျွန်တော်လည်း လှေကားတစ်ဝက်ကနေ လှမ်းခေါ်လိုက်သည်။ ဒါကို mom က အနောက်ကနေ လှမ်းအော်တာကို မဖြေနိုင်ပဲ ဆင်းလာသည်။

သူက လှည့်မကြည့်ပဲ ဆက်လျှောက်သွားတော့ ကျွန်တော် လှေကားအတိုင်းပြေးဆင်းပီး ထပ်ခေါ်လိုက်သည်။ အဲတော့ သူက ရပ်ပီး လှည့်ကြည့်သည်။ ဒါနဲ့ ကျွန်တော်က သူ့အနားကို လျှောက်သွားလိုက်ပီး

''kit ဘာလာလုပ်တာလဲ ကိုယ့်ဆီလာတာလား''

''p' ဆီလာတာလို့ ဘယ်သူပြောလဲ ကျွန်တော် mom ဆီလာတာ''

''အော်''

ကျွန်တော် သူ့လက်ထဲကိုကြည့်လိုက်တော့ ချိုင့်လေးကိုင်ထားသည်။ သူတစ်ခုခုလာပို့တယ် ဆိုတာ သိလိုက်တော့ ကျွန်တော်က

''ဘာလာပို့တာလဲ ကိုယ်စားဖို့လား''

''သေပါလား သူ့ပဲ လာပေးရဦးမယ်''

သူက ပြောပီး လှည့်ထွက်တော့ ကျွန်တော်က

''kit ကိုယ် တောင်းပန်ပါတယ်''

''ဘာလဲ''

သူက ပြန်လှည့်ပီးမေးတော့ ကျွန်တော်က

''မင်း ကိုယ့်ကို စိတ်ဆိုးနေတာ သိပါတယ်''

''...''

''kit kit ကို စိတ်ညစ်နေလို့ ပြောလိုက်မိတာပါ စိတ်မဆိုးနဲ့တော့နော်''

''...''

သူက ဘာမှမပြောတော့ ကျွန်တော်က သူ့ပခုံးနှစ်ဖက်ကို ကိုင်လိုက်ပီး

''ဘာလဲ ငယ်ငယ်ကလို နမ်းပီးချော့ပေးရမလား''

''ဟာ ကျွန်တော် ကလေးမဟုတ်တော့ဘူးနော်''

''အား''

kit//
ကျွန်တော်က သူ့လက်​​မောင်းကို ကိုင်ပီး တွန်းလိုက်တော့ သူက လက်အချနဲ့ ကျွန်တော်ချိုင့်ကိုင်ထားတဲ့ လက်ကလည်း အချဆိုတော့  သူ့လက်ကို ရိုက်မိရဲ့သားဖြစ်သွားသည်။ သူက လက်လေးကိုင်ပီး အော်လိုက်တော့ ကျွန်တော်ကမျက်လုံးပြူးကြည့်ပီး

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now