ညီအစ်ကိုချစ်သူ ၅၇

945 55 0
                                    

brother lover (P 57)
(ညီအစ်ကိုချစ်သူ)

kit//
ကျွန်တော်တို့ စာသင်ချိန်ပီး စာအုပ်တွေသိမ်းနေချိန်မှာ oaujun က  ဘာမှ မပြောပဲ ထထွက်သွားသည်။ ကျွန်တော်တို့ အုပ်စုလိုက်ကြည့်နေလိုက်သည်။ ဒါကို bem က ကျွန်တော့်ကို လှမ်းကြည့်ပီး ခေါင်းခါပြသည်။ ကျွန်တော်လည်း စာအုပ်တွေ ဆက်သိမ်းပီး အခန်ထဲကထွက်လာခဲ့ကြသည်။ အပြင်ရောက်တော့ ကျွန်တော်တို့ p' ကို စောင့်ဖို့ ခုံတန်းဆီ သွားလိုက်ကြသည်။

ဒါကို mari က ခုံမှာထိုင်လိုက်ပီး

''စိတ်ထဲထားမနေပါနဲ့ kit ရယ် ငါတို့က သူငယ်ချင်းတွေပဲ တစ်နေ့ သူနားလည်လာမှာပါ''

''အင်း အဲနေ့ကိုပဲ မျှော်ရတော့မှာပေါ့''

new က

''မင်းဘယ်မလိုလုပ်မလဲ p' ကို ပြောပြမှာလား''

''အင်း ပြောပြလိုက်မှာပေါ့ ငါ တိုင်ပင်ရမယ်''

bem က
''လျှောက်ပီး တွေးမနေပါနဲ့ ဟာ ငါတို့ နင့်အနားမှာရှိပါသေးတယ် သူငယ်ချင်းတစ်ယောက်လျော့လို့ ဘာမှမဖြစ်ပါဘူး''

''ဘာမှမဖြစ်ပေမဲ့ ငါတို့ရဲ့ ပျော်ရွှင်မှုကိုပဲကြည့်ပီး တခြားသူတွေ စိတ်ထိခိုက်နေတာကို မလိုလားဘူးဟာ''

''အခုတော့ သွေးပူနေလို့ပါ နောက်ဆို သူလည်း နားလည်မှာပါ ငါတို့လည်း ပြောပေးပါမယ်''

''ကျေးဇူးပါဟာ အော် bem နင်တို့ ပြန်လေ''

mari က
''ပြန်မှာ ငါတို့ နင့်ကို စောင့်ပေးနေတာ ''

''ရပါတယ် ဒီမှာ new လည်းရှိတာပဲ သွားပါ''

''အေး ဒါဆို သွားမယ်နော် ''

''အေး''

''bem သွားမယ်''

''အေး''

သူတို့နှစ်ယောက်က ထထွက်သွားကြသည်။ ဒါနဲ့ new က

''မင်းလည်း စိတ်မကောင်းဖြစ်မနေပါနဲ့ကွာ သူတို့ နောက်လူတွေ့သွားရင် သူဟာသူ ဖြစ်သွားမှာပါ''

''အင်းပါ ငါတို့ကြောင့် သူငယ်ချင်းတွေ စိတ်ဝမ်းကွဲရတာကို စိတ်မကောင်းဖြစ်တာ ငါ့ကို oaujun က မကြည်သလို p' ကို p'nem က မကြည်တော့ဘူးလေ သူငယ်ချင်းတွေကြား ဒီလိုဖြစ်တော့ ဘယ်ကောင်းမလဲ''

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now