ညီအစ်​ကိုချစ်​သူ ၁၉

1.4K 88 2
                                    

brother lover (p 19)
(ညီအစ်ကိုချစ်သူ)

sing//
ကျွန်တော်လည်း သူတို့ကျောင်းဆောင်လမ်း တည့်တည့်ကိုရောက်တော့ သူက oaujun တို့နဲ့ လျှောက်လာတာတွေ့သည်။ သူ့ကို ကြည့်တော့ ပြုံးရွှင်ပီး စကားပြောရင်း လျှောက်လာသည်။ ဒါကို ကျွန်တော်လည်း ကားပေါ်ကနေ ကြည့်လိုက် သည်။

'ဒီလိုလေ အမြဲပြုံးနေပါ kit kit ရယ် ကိုယ် မင်းအပြုံးတွေကိုပဲ မြင်ချင်တာပါ မင်းက ကိုယ့်ကို အမြင်မကြည်တဲ့ မျက်နှာပေးတွေကိုပဲ မြင်စေခဲ့ တယ် ဒီလိုလေးပြုံးနေတာ ဘယ်လောက် ချစ်ဖို့ကောင်းလဲနော်'

ဒီလိုနဲ့ သူတို့ အနားရောက်လာပီး oaujun နဲ့new က နှုတ်ဆက်ပီး စကားတွေပြောနေသည်။ ပီး​တော့ oaujun က သွားဖို့ နှုတ်ဆက်တော့ ကျွန်တော်က သူတို့ကို ကားပါကင်ထိလိုက်ခဲ့ဖို့ ခေါ်လိုက်သည်။ သူတို့ ကားပေါ်တက်လာတော့ ကျွန်တော်လည်း မောင်ထွက်လာခဲ့သည်။
ခဏနေတော့ ကျောင်းဝင်းရှေ့က ကားပါကင်ကိုရောက်တော့ ကျွန်တော်က ကားရပ်ပေးလိုက်သည်​။ ဒီ​တော့ new က

''p' ကျေးဇူးနော်''

''အေး ရပါတယ်''

new က ပြောပီး ဆင်းသွားသည်။ ဒါကို oaujun က
''p' ယောက်ဖ ကျေးဇူးနော်''

''ဟင် အော အေး အေး''

oaujun က p'ယောက်ဖလို့ ခေါ်လိုက်လို့ ကျွန်တော် ကြောင်သွားသည်။ သူ့p' နဲ့ တွဲနေတာဆိုတော့ ယောက်ဖခေါ်တာကို ပီးမှ သတိရပီး ခေါင်းညိတ်ပြလိုက်​သည်။ ပီးတော့ ကျွန်တော် kit ကို လှမ်းကြည့်ပီး ပြုံးနေလိုက်သည်။ သူက oaujun ကို လှည့်ကြည့်ပီး  အရှေ့ပြန်လှည့်လိုက် တော့ oaujun က 

''ဟင်း ဟင်း nong ယောက်ဖလည်း သွားပီနော်''

''ဟာ ဟေ့ကောင် ကြွကြွ  ဟင်း ဟင်း''

''အေးပါ ဟင်း ဟင်း''

oaujun က သူ့ကိုပါ nong ယောက်ဖဆိုတော့ ကျွန်တော်လည်း ထပ်ကြောင်သွားသည်။ သူ့ကိုကြည့်လိုက်တော့ သူက ရှက်ပီး အော်လိုက်သည်။ ပီးတော့မှ နှုတ်ဆက်ပီး ရယ်နေသည်။ oaujun ကလည်း ရယ်ရင်း ကားတံခါးဖွင့်ပီး ဆင်းသွားသည်။ new က အပြင်မှာ ရပ်စောင့်နေသည်။ သူဆင်းသွားတော့ ကျွန်တော်တို့လည်း လက်ပြပီး ထွက်လာခဲ့ကြ သည်။ ပီးတော့ ကျောင်းဝင်းထဲကထွက်ပီး ကားလမ်းမအတိုင်း မောင်းထွက်လာခဲ့သည်။ ပီးတော့ ကျွန်တော်က သူ့ကို လှမ်းကြည့်ပီး

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now