ညီအစ်ကိုချစ်သူ ၂၆

1.1K 62 0
                                    

brother lover (p 26)
(ညီအစ်ကိုချစ်သူ)

kit//
ကျွန်တော်တို့ စာသင်ပီး ထမင်းစားချိန် ကင်တင်းမှာ သွားစားလိုက်ကြသည်။ စားပီးတော့ ကျွန်တော်တို့ အတန်းထဲပြန်လာကြသည်။ အတန်းထဲရောက်တော့ ကျွန်တော်တို့ စာသင်လိုက်ကြသည်။ ဆရာက

''မင်းတို့ကို ဆရာ project တစ်ခုပေးမလို့''

''ဟုတ်''

''ရှေးဟောင်း သမိုင်းတွေရဲ့ အဆောက်အဦတွေကို စာတမ်းပြုစုခိုင်းမလို့''

ရှေ့ဆုံးက တစ်ယောက်က

''ဆရာ ဘယ်လို ပြုစုရမှာလဲ''

''အော အဆောက်အဦတွေရဲ့ အတိုင်းအထွာတွေ ဘယ်အချိန်မှာ ဘယ်လိုဆောက်ခဲ့တာ ဘယ်အချိန်မှာ ပြုပြင်ခဲ့တာတို့ အဓိက လိုချင်တာက စကေး အဆောက်အဦရဲ့  အလျား အနံ အကွာအဝေးတွေပေါ့''

နောက်တစ်ယောက်က
''ဘယ်က အဆောက်အဦတွေလဲ ဆရာ''

''ရတယ်လေ နန်းတော်တို့ သမိုင်းဝင်တဲ့ အဆောက်အဦတွေပေါ့ တခြားနိုင်ငံက အဆောက်အဦတွေလည်း ရတယ် Google တွေမှာ ရှာလို့ရနေတာပဲ ရှာပီး စုဆောင်ခဲ့ပေါ့''

new က
''အာ ဆရာ တခြားနိုင်ငံဆို သူတို့စာကို ဘာသာပြန် ပေးရမှာပေါ့''

''အင်္ဂလိပ်လိုရှိမှာပေါ့ အင်္ဂလိပ်လိုတတ်တယ်မလား ဘာသာ ပြန်ကြပေါ့''

''ဟာ''

အကုန်လုံးက စိတ်ပျက်စွာအော်တော့ ဆရာက လက်ကာပြပီး

''အခု မဟုတ်သေးပါဘူး မင်းတို့ကို လုပ်ခိုင်းဖို့ မအားသေးဘူး နောက်တစ်ပတ်ထဲမှာ လုပ်ရမယ် မင်းတို့ စဉ်းစားထားလို့ရအောင် ကြိုပြောထားတာ''

''ဟုတ်'

''နောက်မှ သမိုင်ဝင် အဆောက်အဦတွေဆီသွားပီး လက်တွေ့တိုင်ခိုင်းရမယ် ကဲ ဆက်ကြရအောင်''

ဆရာက ပြောတော့ ကျွန်တော်တို့ စာအုပ်ကို ပြန်ကြည့်ကာ စာဆက်သင်နေလိုက်သည်။ ကျွန်တော်တို့ စာသင်ချိန်တွေကုန်တော့ ဆရာလည်း နှုတ်ဆက်ပီး ထွက်သွားသည်။ ဒါနဲ့ ကျွန်တော်တို့ စာအုပ်တွေ သိမ်းပီး အခန်းထဲကထွက်လာခဲ့သည်။ တချို့ ကျောင်းသားတွေက ပြန်သွားကြသည်။ ကျွန်တော်တို့ကတော့ ခုံတန်းကို လျှောက်သွားပီး ထိုင်လိုက်ကြသည်။ ဒါကို oaujun က

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now