ညီအစ်​ကိုချစ်​သူ ၉

1.5K 100 0
                                    

brother lover (p 9)
(ညီအစ်ကို ချစ်သူ)

sing//
mom mom က ကောင်မလေးရှိနေတာကို မေးတော့ ကျွန်တော်က ငြင်းလိုက်ပီး သူ့ကို ကြည့်လိုက်သည်။ သူ ပြောလိုက်ပီလားဆိုတဲ့ သဘောနဲ့ပေါ့။ သူက မျက်လုံးလေးစွေပီး ပြန်ကြည့်နေသည်။

ဒါကို mom mom က သိတယ်ဆိုတော့ သူပြောလိုက်ပီးဆိုတာ တကယ်ပဲဖြစ်မှာ သူက mom mom ကို တားလိုက်ပုံထောက်တော့ သေချာနေပီလေ။ ဒါနဲ့ ကျွန်တော်လည်း သူကို မွှေတယ်နော်ဆိုတဲ့ အကြည့်နဲ့ ကြည့်လိုက်သည်။ သူက မသိသလိုနေပီး ဆေးကို ယူသောက်နေ သည်။

နောက်တော့ mom mom က သူ့ကို ကြည့်ပေးလို့ပြောပီး ဆင်းသွားတော့ ကျွန်တော် လည်း သူ့အနားကို လျှောက်သွားလိုက်သည်။ သူက မျက်လုံးလေးမှိတ်ပီး မှေးနေသည်။ ဒါနဲ့ ကျွန်တော်က သူ့ဘေးတွင်ဝင်ထိုင်လိုက်ပီး သူ့နှာခေါင်းကို ဆွဲလိုက်ပီး

''နေမကောင်းဖြစ်နေတာတောင် အငြိမ်မနေဘူး မွှေတယ်နော်''

အဲတော့ သူက မျက်လုံးဖွင့်ပီး

''အာ ဘာလုပ်တာလဲ နေမကောင်းပါဘူးဆိုမှ သွား ပြန်တော့ ''

''မပြန်ဘူး အခု မင်းအပြစ်ဖြစ်သွားပီ''

''ဘာအပြစ်လဲ ကျောင်းလည်း နောက်အချိန်တွေ တက်လို့ရသေးတယ် သွားတက် သွား''

''အော် အပြစ်ရှိနေတာတောင် စွာသေးတယ် ဖျားတောင်နည်းသေးတယ်''

''p' ...''

''ဘာလဲ''

''သွား မကြည့်ပေးနဲ့တော့ ကျွန်တော့်ဘာသာ အနားယူတာလဲ မယူရဘူး နှောင့်ယှက်နေတယ် ''

''ငပြူးက ပြန်ပြဲနေတယ် သူ့အမှားကျတော့ ရှောင်ချင်တယ်ပေါ့ အေး နေကောင်းမှတွေ့မယ် လူကြီးတွေမပြောနဲ့ဆိုတာကို ပြောဖြစ်အောင် ပြောလိုက်တယ်''

''...''

သူက ဘာမှမပြောပဲ အောက်သို့လျှောချပီး လှဲအိပ်လိုက်သည်။ ဒါနဲ့ ကျွန်တော်က မတ်တတ်ရပ်လိုက်ပီး

''ဟာ မအိပ်နဲ့ဦးလေ အခုလေးတင် အစား စားပီးတာကို''

''p' ပါးစပ်ပိတ်ထားဗျာ နားငြီးတယ်''

ညီအစ်​ကို ချစ်​သူ (completed)On viuen les histories. Descobreix ara