ညီအစ်ကိုချစ်သူ ၄၁

1.1K 72 4
                                    

brother lover (p 41)
(ညီအစ်ကိုချစ်သူ)

kit//
သူပြောတဲ့ စကားကြောင့် ကျွန်တော်က သူ့လက်ထဲက အိတ်ကို မျက်လုံးရောက်သွားသည်။ သူကိုင်လာတဲ့ အိတ်က mobile ဆိုင်က အိတ်မှန်း သိတော့ ကျွန်တော်က မျက်မှောင်ကျုံ့ကြည့်လိုက်ပီး

''မလိုဘူးလို့ ပြောထားတယ်မလား''

သူက ကျွန်တော် ပြောတာကို ဂရုမစိုက်ပဲ အိတ်ကို စားပွဲပေါ်တင်ပေးလိုက်ပီး

''မင်း အခုလိုနေတယ်လေ oaujun ဖုန်းဆက်တာ မင်းမှမသိတာ''

''ဘယ်လိုသိမလဲ ဖုန်းက မုန်တိုင်းတိုက်သွားတာကို''

''ဘာမုန်တိုင်းလဲ''

''ဒေါသမုန်တိုင်းလေ p' ပဲ ဒေါသဖြစ်ပီး ကျွန်တော့်ဖုန်းကိုဆွဲလိုက်တာ''

''အဲအတွက် တောင်းပန်ပါတယ် ဒါကြောင့် ငါ ပြန်ဝယ်လာတာ မင်း sim ကပ်တွေထည့်ပေးထားတယ်''

''မယူဘူး ပြန်ယူသွား''

''kit လေး ဂျစ်မကျနဲ့ကွာ''

''ကျွန်တော် ဂျစ်ကျတာပဲ လူသိတယ်မလား p' ပြဿနာရှာတာကျတော့ လူမသိဘူးမလား''

''ပြဿနာရှာတာမဟုတ်ဘူး မင်းကို စိုးရိမ်လို့ပြောတာ''

''အပိုမလုပ်ပါနဲ့ ပီးရင် p' က nong ကို စိုးရိမ်းလို့ ပြောတာလို့ ပြောဦးမယ်မလား ဒါတွေက အပ်ကြောင်းထပ်နေပီ''

ကျွန်တော် ပြောလိုက်တော့ သူက စိတ်ညစ်တဲ့ပုံနဲ့

''ကျွတ်... မင်း ဒါကို တကယ်မယူဘူးလား''

''မယူဘူး''

''တကယ်နော် ''

''...''

ကျွန်တော်က ဘာမှမပြောတော့ သူက

''အေး ပီးရော မယူနဲ့  အကုန်လုံးမြောင်းထဲ သွားပစ်လိုက်မယ်''

သူက ပြောပီး ခုံပေါ်တင်ပေးထားတဲ့ အထုပ်ကိုလှမ်းယူတော့ ကျွန်တော် သူ့လက်ထဲကနေ အထုပ်ကို စောင့်စွဲပီး ပြန်ယူကာ ခုံပေါ်တင်ထားလိုက်သည်။ ဒါကို သူက တစ်ချက်ပြုံးလိုက်ပီး

''တော်သေးတယ် နောက်ဆို အဲဒါ မြောင်းထဲရောက်မဲ့ ပစ္စည်း''

ကျွန်တော်က မျက်စောင်းထိုးကြည့်လိုက်သည်။ ဒါနဲ့ သူက

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now