ညီအစ်ကိုချစ်သူ ၃၄

1.1K 70 0
                                    

brother lover (p 34)
(ညီအစ်ကိုချစ်သူ)

kit//
p' က ကျောင်းကနေ ကားမောင်းထွက်လာပီး ဘာစကားမှ မပြောတော့ ကျွန်တော့်ကို စိတ်ဆိုးနေတာလားလို့ ထင်မိသည်။ ဒါနဲ့ ကျွန်တော် သူ့ကိုတစ်ချက်ကြည့်လိုက်ပီး

''p' စိတ်ဆိုးနေတာလား''

''ဟင် ဘာကိုလဲ''

''jan လာလို့ ကျွန်တော့်ကို စိတ်ဆိုးနေတာလာလို့''

''သူလာတာနဲ့ မင်းကို ဘာလို့စိတ်ဆိုးရမှာလဲ သူ့ဘာသာ သူလာတာကို ငါက ဘာဆိုင်လို့ စိတ်ဆိုးရမှာလဲ''

သူက အဲလိုပြောပီး ကားမောင်းနေသည်။ ကျွန်တော် သူ့ကို သေချာကြည့်လိုက်သည်။ ပီးတော့ ကျွန်တော်က

''p' ကျွန်တော့်အကြောင်းတွေကို oaujun ကို မေးတယ်ဆို''

''အော် ဒါက မင်း အဆင်ပြေမပြေသိချင်လို့ မေးတာပါ''

''အဲဒါ ကျွန်တော့်ကို မေးလို့ရတာပဲကို''

''မင်းကိုမေးရင် အမှန်တိုင်းမဖြေရင် ဘယ်လိုလုပ်မလဲ ပီးတော့ အိမ်မှာ ဒီလောက်ဂျစ်ကျတာ ကျောင်းမှာလည်း သူများတကာကို ဂျစ်ကျနေမှာစိုးလို့ မေးမိတာပါ''

''ကျွန်တော်ကလူတိုင်းကိုဂျစ်တိုက်နေတယ်များထင်နေလား''

''သိပါတယ်''

''p' ...''

''...''

သူ့လေသံက နည်းနည်းခပ်ထန်ပီး စိတ်မကြည်တဲ့ပုံပေါက်နေလို့ ကျွန်တော်က သူ့ကို ကြည့်ပီး ခေါ်လိုက်တော့ သူက မထူးပဲ တစ်ချက်လှည့်ကြည့်သည်။ ဒါနဲ့ ကျွန်တော်က

''p' စိတ်မဆိုးဘူးလည်း ပြောသေးတယ် ဘာလို့ လေသံကမာနေရတာလဲ''

''...''

သူုက ဘာမှမပြောတော့ ကျွန်တော်က jan ကြောင့်ဖြစ်မယ်ထင်ပီး
''jan သူ့ဘာသာ လာတာ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ ''

''ဘာတွေ ပြောနေတာလဲ ငါက မင်းကို အဲဒါကြောင့်လို့ ပြောနေလို့လား ငါ့ဘာသာ စိတ်မကြည်ဖြစ်နေတာ မင်းနဲ့မဆိုင်ဘူး''

'' ဒါဆို ဘာဖြစ်နေတာလဲ ပြော''

''တော်ပီကွာ ငါ ခေါင်းရှုပ်နေလို့ ကားအေးအေးဆေးဆေး မောင်းပါရစေ''

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now