ညီအစ်​ကိုချစ်​သူ ၈၆

817 50 0
                                    

(brother lover (P 86)
(ညီအစ်ကိုချစ်သူ)

kit//
ကျွန်တော် p' တို့ခြံဘက်ကို ကူးလာပီး အိမ်အဝနားရောက်တော့ ခြံထဲကို ကားဝင်လာလို့ ကြည့်လိုက်တော့ par ကားဖြစ်နေသည်။ ဒါနဲ့ ကျွန်တော်လည်း အိမ်ထဲမဝင်ပဲ ရပ်စောင့်နေလိုက်သည်။ par က p' ရဲ့ ကားနောက်မှာ ရပ်လိုက်ပီး ဆင်းလာသည်။ ကျွန်တော့်ကို တွေ့တော့ ပြုံးပြပီး အနားကို လျှောက်လာရင်း

''ဘာလဲ p' ဆီပဲလား''

''ဟုတ် par နောက်ကျတယ်နော်''

par က ကျွန်တော့်ပခုံးကို ဖက်ပီး  အပေါ်တက်လာရင်း

''ဟုတ်တယ် ပစ္စည်းတွေ လာချလို့ စောင့်ကြည့်နေတာ အိမ်ဆောက်ပစ္စည်းဆိုတော့ အကြီးတွေရော အသေးတွေပါ ပါတော့ သေချာကြည့်ရတာပေါ့ မန်နေဂျာရှိပေမဲ့ par ကပါ စောင့်ကြည့်ပေးရတာပေါ့''

''ဟုတ်''

''မင်း par par ရော ပြန်ရောက်ပီလား''

''ဟုတ်''

''အေး ငါတို့လည်း ဆိုင်မထိုင်ဖြစ်တာ ကြာပီ နောက်မှ ချိန်းဦးမှ''

''ဟုတ်''

par က ပြောနေရင်း အခန်းနားရောက်တော့ par က ကျွန်တော့်အခုံးကို ပုတ်ပီး

''အေး အေး သွား par ရေချိုးလိုက်ဦးမယ်''

''ဟုတ်''

par က အခန်းထဲဝင်သွားသည်။ ကျွန်တော်က အပေါ်တက်လာပီး p' အခန်းထဲကို ဝင်လာခဲ့လိုက်သည်။ အခန်းထဲရောက်တော့ P' က စားပွဲတွင် ထိုင်ပီး လှမ်းကြည့်သည်။ ကျွန်တော် သူ့အနားလျှောက်သွားတော့ ladtop screen ကို ကြည့်လိုက် ရေးလိုက်လုပ်နေသည်။ ကျွန်တော်က အနားရောက်သွားတော့ သူက ခေါင်းလေးမော့ပီး မျက်နှာလေးမဲ့ပြသည်။ ဒါနဲ့ ကျွန်တော်က

''ရေးပေးရမလား''

''ရပါတယ် နှစ်ပုဒ်လောက်ပဲ ကျန်တော့တယ်''

''high school ကျောင်းသားကျ​နေတာပဲ ကြိုးစားနေတာ''

''ဟင်း ဟင်း စီးပွားရေးလေ မှတ်ကတာ ခေါင်းရှုပ်တယ်  တစ်နေ့စာတစ်နေ့မှတ်တော့ ကောင်းတာပေါ့''

''အင်းပါ''

ကျွန်တော်လည်း ခါင်းညိတ်ပြပီး သူ့စာအုပ်ဘေးက သူ့ဖုန်းလေးကိုတွေ့တော့ ယူလိုက်ပီး ကုတင်ကိုလျှောက်လာကာ ကုတင်ပေါ်တွင် ခေါင်းအုံးကိုမှီလှဲပီး p' ဖုန်းထဲက ပုံတွေကို ကြည့်လိုက်သည်။ တစ်ပုံပီးတစ်ပုံက ကျွန်တော်နဲ့ p' ပုံတွေချည်းပဲတွေ့သည်။ ကျွန်တော်လည်း ပီတိဖြစ်ကာ ပြုံးလိုက်မိသည်။

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now