ညီအစ်​ကိုချစ်​သူ ၂၉

1.1K 69 0
                                    

brother lover (p 29)
(ညီအစ်ကိုချစ်သူ)

kit//
ကျွန်တော်တို့ မုန့်စားပီးတော့ မစ်ရှိတ်ထိုင်သောက်နေ လိုက်သည်။ အဲအချိန်မှာ jan က ထိုင်နေရင်း ဆိုင်ကို လှည့်ပတ်ကြည့်ပီး

''ဒီဆိုင်က ထိုင်လို့ကောင်းတယ်နော် အေးအေး ဆေးဆေးပဲ''

ဒါနဲ့ ကျွန်တော်က

''ကျောင်းပြန်ချိန်ဆိုတော့ လူတွေရှင်းနေတာလေ''

''အင်း နောက်ဆို ခဏခဏ လာစားဦးမှ အော် ဒါနဲ့ krist ဖုန်းနံပါတ်ပေးထားပါလား''

''ဟင်''

သူက ရုတ်တရက်ပြောလိုက်တော့ ကျွန်တော် ကြောင်သွားသည်။ ကျွန်တော် p' ဆီ အကြည့်ရောက်သွားတော့ p' ကလည်း ကျွန်တော့်ကို သေချာကြည့်နေသည်။ ဒါကို p' nem က

''သူ့ ဖုန်းနံပါတ်ယူပီး ဘာလုပ်မလို့လဲ''

''အော် p'nem ကလည်း ဒီဆိုင်လာရင်း တွေ့ချင်တွေ့လို့ရအောင်ပါ အခု ခင်မင်နေပီဆိုတော့ နောက်လည်း တွေ့လို့ရတာပဲကို ရတယ်မလား krist''

''ဟင် ဟို အင်း ရပါတယ်''

သူက p'nem ကို ပြောရင်း ကျွန်တော့်ကို မေးတော့ ကျွန်တော် ဘာပြောရမှန်းမသိဘဲ p' ဆီ အကြည့်ရောက်သွားပြန်သည်။ ပီးတော့ ကျွန်တော်ကခေါင်းညိတ်လိုက်တော့  jan က လွယ်အိတ်ထဲကဖုန်းထုတ်လိုက်ပီး ကျွန်တော့်ကို လှမ်းပေးသည်။

ဒါနဲ့ ကျွန်တော် ဖုန်းကိုလှမ်းယူပီး p' ကို တစ်ချက်ကြည့်လိုက်သည်။ p' ကလည်း ကျွန်တော့်ကို ကြည့်ရင်း မျက်နှာပျက်နေသည်။ ကျွန်တော်လည်း ဖုန်းဖွင့်ပီး phone number ကို ရိုက်ထည့်ပေးလိုက်သည်။ ပီးတော့ ကျွန်တော် jan ကို ဖုန်းပြန်ပေးပီး မစ်ရှိတ်သောက်နေလိုက်သည်။

ပီးတော့ p' ကို မကြည့်တော့ပဲ ဘေးက မြင်နေရတဲ့ လမ်းမကိုသာ ကြည့်နေလိုက်သည်။ p' ကျွန်တော့်ကို သေချာကြည့်နေတယ်ဆိုတာကို ပြန်မကြည့်ပဲနဲ့ သိနေရသည်။ ဒါကို jan က

''ဟို p' ခေါ်သလို kit kit လို့ မှတ်လိုက်မယ်နော်''

''အင်း''

သူက p' ကို ကြည့်ပီးပြောလိုက်တော့ p' က အလိုက်သင့် ခေါင်းညိတ်လိုက်သည်။ ပီးတော့ p' က မစ်ရှိတ်ကို ယူသောက်နေသည်။ ကျွန်တော် p' ကို သေချာကြည့်နေလိုက်သည်။ p' ဘာဖြစ်နေတာလဲ ဆိုတာလည်း သိချင်နေသည်။ သူ ဖုန်းနံပါတ်တောင်းတော့ ဘာလို့မျက်နှာပျက်နေ တာလဲဆိုတာကိုလည်း သိချင်သည်။

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now