ညီအစ်ကိုချစ်သူ ၆၆

1K 46 0
                                    

brother lover (P 66)
(ညီအစ်ကိုချစ်သူ)

sing//
ကျွန်တော် သူ့ကိုယ်လေးကို သိမ်းကျုံ့ဖက်ထား ရင်း မှေးနေလိုက်သည်။ သူကလည်း ကျွန်တော့်ခါးလေးကို ဖက်ရင်း မှေးနေကြသည်။ ခဏနေတော့ အိပ်ပျော်သွားကြသည်။

မနက်ရောက်တော့ ကျွန်တော်နိုးလာလို့ သူကို ကြည့်လိုက်တော့ သူက တစ်ဖက်လှည့်အိပ်နေ သည်။ ဒါနဲ့ ကျွန်တော်က သူ့ခါးလေးကို ဖက်ဖို့ ရွယ်ပီးတော့မှ သူနိုးမှာစိုးလို့ မဖက်တော့ပဲ လက်ပြန်ချကာ ပြန်အိပ်နေလိုက်သည်။

kit//
ကျွန်တော် နိုးတော့ နာရီလှမ်းကြည့်တာ ၉ နာရီထိုးနေသည်။ ဒါနဲ့ ကျွန်တော်လည်း မထသေးဘူးဆိုပီး ဘေးစောင်းအိပ်နေရင်းမှ သူ့ဘက်ကို လှည့်ပီး ကြည့်လိုက်သည်။ သူက အိပ်နေသည်။ ဒါနဲ့ ကျွန်တော် လက်နှစ်ဖက်ကို ပါးအောက်မှာ ထားပီး သူ့မျက်နှာလေးကို ကြည့်ရင်း ပြုံးနေလိုက်သည်။

ကျွန်တော် ကြည့်နေရင်း သူ့မွေးနေ့ မနက်တုံးက သူ့ကို သွားနှိုးဖို့ကို မနှိုးခဲ့ပဲ ရင်ခုန်စွာနဲ့ ခိုးနမ်းခဲ့တဲ့ ခံစားချက်လေး ပြန်သတိရမိသည်။ ဒါနဲ့ ကျွန်တော့်ပါးအောက်မှာထပ်ထားတဲ့ လက်​နှစ်ဖက်မှ တစ်ဖက်ကို ထုတ်ပီး သူ့ပါးလေးကို အုပ်ကိုင်လိုက်သည်။ ဒါကို သူက မျက်လုံးလေးဖွင့်ကြည့်တော့ ကျွန်တော်က

''အော နိုးနေတာပီလား''

''အင်း ဘာလို့ သူများအိပ်နေတာကို ကြည့်နေတာလဲ''

''အော သူ့တုံးကတော့ တစ်ညလုံးကြည့်ပီးတော့ ကျွန်တော်က ခဏလေးပဲကြည့်ရတာ''

''ဟုတ်လား ဒါဆို ပြန်အိပ်ပေးမယ် ကြည့်ကြည့်''

သူက မျက်လုံးလေး ပြန်မှိတ်ပီး ပြုံးနေတော့ ကျွန်တော်က သူ့နဖူးကို တောက်လိုက်သည်။ ဒါကို သူက ပြန်ဖွင့်လာပီး မျက်နှာလေးရှုံ့ကာ နဖူးကို လက်နဲ့အုပ်ရင်း

''အား ဘာလုပ်တာလဲ''

''ဟင်း ဟင်း p' က အိပ်တာမှမဟုတ်တာ မျက်လုံးမှိတ်ပီး ပြုံးနေတာကိုး''

''ဟာ အဲဒါကြောင့် လုပ်တာလား သူ့အိမ်မှာ အိပ်လို့ အနိုင်ကျင့်တယ်ပေါ့''

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now