ညီအစ်ကိုချစ်သူ ၃၇

1.1K 69 2
                                    

brother lover (p 37)
(ညီအစ်ကိုချစ်သူ)

sing//
ကျွန်တော် သူထွက်သွားတာကို ရပ်ကြည့်နေပီး အိမ်ထဲပြန်ဝင်လာခဲ့သည်။ ပီးတော့ ဧည့်ခန်းတွင် TV ဖွင့် ခွေထိုးပီး တရုတ်သိုင်းကား ထိုင်ကြည့်နေလိုက်သည်။ mom ကတော့ အနောက်တွင် ချက်ပြုတ်နေသည်။

kit//
ကျွန်တော် p' တို့အိမ်က ထွက်လာပီး ကျွန်တော်တို့ အိမ်ဘက်သို့ကူးလာခဲ့သည်။ လမ်းလျှောက်ရင်း သူက ကျွန်တော့်ပါးကို နမ်းပီး ပြေးဝင်သွားတဲ့ပုံကို သတိရပီး တစ်ယောက်တည်း ပြုံးနေမိသည်။ အပြန်ကျတော့လည်း ကျွန်တော် သူ့တင်ပါးကို ရိုက်ပီး ထွက်လာတော့ သူ mom ကို ပြန်တိုင်ပြောနေတာကို သဘောကျမိသည်။ ကျွန်တော် အိမ်ထဲရောက်တော့ mom က အနောက်ခန်းထဲက ထွက်လာပီး

''ဟဲ့ kit လေး မုန့်သွားပေးတာ မုန့်ဖြစ်နေပီလား''

'' မဟုတ်ပါဘူး ဟိုမှာ p' နဲ့အတူတူ မုန့်စားနေလို့ ကြာသွားတယ်''

''အယ် တည့်သွားပြန်ပီလား အမျိုးမျိုးပဲ ''

''ဟင်း ဟင်း ရော့ ဒါ mom ပေးလိုက်တာ''

''အော် ဘာတွေလဲ''

''ဂျုံကြော်မုန့်''

''အမယ် သူ့အကြိုက်တွေပဲ''

mom က ယူပီး ပြောရင်း အနောက်ခန်းထဲ ဝင်သွားသည်။ ကျွန်တော်လည်း အပေါ်တက်လာပီး အခန်းထဲတွင်  ဂိမ်းထိုင်ဆော့နေလိုက်သည်။

နေ့ခင်းလောက်ရောက်တော့ mom mom က ထမင်းစားမယ်လာခေါ်လို့ ဆင်းစားလိုက်သည်။ စားနေတုံးတစ်ဝက်လောက်ရောက်တော့

''ကလိုင်း စွတ်ဖား ကောမိစန်းမန်း ကန်ဗရောင်း ကယ်ဟန်ပဲ ဖီဖွတ်မူ...''

ကျွန်တော့် ဖုန်းမြည်လာတော့ ကျွန်တော်က ဇွန်းချပီး ဘောင်ဘီအိတ်ထဲမှ ထုတ်ကြည့်လိုက်သည်။ p' ဖြစ်နေသည်။ ဒါနဲ့ ကျွန်တော်က

''p' ပြော''

''kit kit ဘာလုပ်နေလဲ ''

''ထမင်းစားနေတာ''

ကျွန်တော် စကားပြောနေတာကို mom နဲ့ mom mom က လှမ်းကြည့်ပီး မေးဆပ်ပြနေသည်။ တစ်ဖက်မှ p' က

''ဒါဆို စားပီးရင် ဒီဘက်လာခဲ့''

''ဘာလုပ်မလို့လဲ''

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now