ညီအစ်ကိုချစ်သူ ၅၃

1K 56 2
                                    

brother lover (p 53)
(ညီအစ်ကိုချစ်သူ)

sing//
ကျွန်တော်လည်း ကင်တန်းမှာ တစ်ယောက်တည်းထိုင်နေရင်း ခဏကြာတော့ အတန်းထဲသို့ လာခဲ့သည်။ အတန်းထဲဝင်လိုက်တော့  nem က သူ့ခုံမှာထိုင်နေရင်း လှမ်းကြည့်သည်။ ပီးတော့ မျက်နှာလွှဲလိုက်သည်။ off တို့ yarch တို့လည်း ရောက်နေသည်။ ဒါနဲ့ ကျွန်တော့်ခုံကို လျှောက်လာရင်း nem ကို သေချာကြည့်လိုက်တော့ nem က ကျွန်တော့်ကို မကြည့်ပဲ စာအုပ်ကိုသာအာရုံစိုက်နေသည်။ ကျွန်တော်လည်း ခုံမှာသွားထိုင်တော့ off က ပခုံးလှမ်းပုတ်ပီး nem ကို မေးဆပ်ပြရင်း

''ဘာဖြစ်နေတာလဲ ငါတို့ကို စကားလည်းမပြောဘူး''

''နောက်မှပြောတော့မယ်''

''မင်းတို့ ပြဿနာဖြစ်ထားတာလား''

''အင်း''

ကျွန်တော်လည်း ခေါင်းညိတ်ပြလိုက်သည်။ နောက်တော့ သူတို့က nem ကို လှမ်းကြည့်နေသည်။ ခဏနေတော့ prem နဲ့ fang တို့ ရောက်လာကြသည်။ fang က ခုံမှာဝင်ထိုင်ပီး သူ့ပုံစံကို လှမ်းကြည့်ပီး မေးနေသည်။ သူက ခေါင်းခါပီး မျက်ရည်တွေသုတ်နေသည်။ ကျွန်တော်လည်း သူ့ကို နောက်ကနေကြည့်နေမိသည်။

'တောင်းပန်ပါတယ် nem ရယ် နင့်မှာ ဘာအပစ်မှ မရှိပေမဲ့ ငါရဲ့ ဆန္ဒကို ရှေ့တန်းတင်ပီး နင့်ကို စိတ်ထိခိုက်အောင် လုပ်လိုက်မိတယ် တောင်းပန်ပါတယ် ငါရဲ့အချစ်တွေက သူ့ဆီကို ဟိုးအရင်ထဲက ရောက်နေခဲ့တာပါ ငါ မေ့ပျောက်နိုင်မယ်ထင်လို့ နင့်ကို တွဲခဲ့မိတာ ဒါပေမဲ့ သူ့ကိုချစ်တဲ့ ငါရဲ့စိတ်တွေက သူဆီကနေ မရုန်းထွက်နိုင်ခဲ့လို့ ပီးတော့ ငါချစ်တာကလည်း သူတစ်ယောက်ပဲဖြစ်နေတော့ နင့်ကို အခုလိုမျိုး ပြောလိုက်ရတာပါ ငါလည်း စိတ်မကောင်းပါဘူး သူငယ်ချင်းရယ်'

ကျွန်တော်လည်း အနောက်နေကြည့်နေရင်း စိတ်ထဲက ရေရွတ်လိုက်သည်။ ဒါကို off က  သူ မျက်ရည်ထပ်သုတ်လိုက်တာကိုကြည့်ပီး ကျွန်တော့်ကို လှမ်းပုတ်ပြန်သည်။ ကျွန်တော်လည်း off ကို တစ်ချက်လှမ်းကြည့်တော့ သူက မေးဆပ်ပြပြန်သည်။ ဒါနဲ့ ကျွန်တော်လည်း ဘာမှမပြောပဲ ခုံပေါ်က စာအုပ်ကိုသာ ကြည့်နေလိုက်သည်။ အဲအချိန် ဆရာဝင်လာလို့ စာသင်လိုက်ကြသည်။

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now