ညီအစ်​ကိုချစ်​သူ ၂၃

1.2K 62 0
                                    

brother lover (p 23)
(ညီအစ်ကိုချစ်သူ)

sing//
ကျွန်တော်တို့ ဆိုင်ထဲဝင်တော့ သူ့ သူငယ်ချင်း ကောင်မလေးနှစ်ယောက်က နှုတ်ဆက်လို့ ရပ်စကားပြောနေသည်။ ကျွန်တော်လည်း
ဘေးကရပ်နေတော့ ကောင်မလေးနှစ်ယောက်က လှမ်းကြည့်ပီးမေးလိုက်သည်။ ဒါကို သူက မိတ်ဆက်ပေးနေသည်။

ကောင်မလေးတွေက နှုတ်ဆက်တော့ ကျွန်တော်လည်း နှုတ်ဆက်လိုက်တယ် ဒါကို သူက သေချာကြည့်နေသည်။ ကျွန်တော် သူ့ကို ပြန်ကြည့်လိုက်တော့ သူက မကြည်တဲ့ပုံစံနဲ့ မျက်စောင်းထိုးကြည့်နေသည်။ ကျွန်တော်လည်း ဘာလဲဆိုတဲ့ သဘောနဲ့ မျက်လုံးပြူးပီး ပြန်ကြည့်လိုက်သည်။

သူ့ရဲ့ အဲဒီ အမူအရာက ကျွန်တော့်အတွက် မစိမ်းတော့ပါ။ ဘာလို့လဲဆိုတော့ သူအထက်တန်းတုံးက ကျောင်းလိုက်ပို့တဲ့ အဖြစ်အပျက်ကို သွားသတိရမိသည်။ ဒါနဲ့ ကျွန်တော်လည်း ပြုံးလိုက်မိသည်။

အဲအချိန်မှာ ကောင်မလေးတွေက နှုတ်ဆက်တော့ ကျွန်တော်လည်း ပြန်နှုတ်လိုက်သည်။ ဒါကို သူက မစောင့်ပဲ ရှေ့ကထွက်သွားသည်။ ကျွန်တော်လည်း နောက်ကလိုက်သွားလိုက်သည်။ ပီးတော့ သူထိုင်တဲ့ခုံမှာဝင်ထိုင်ပီး သူ့ကိုသေချာကြည့်နေလိုက်သည်။ သူက မီးနူးကို ကြည့်ပီး စားစရာတွေမှာနေသည်။ မှာပီး ကောင်မလေးထွက်သွားတော့ သူက စားစရာတွေစောင့်ရင်း ဂိမ်းဆော့နေသည်။ ကျွန်တော် သူ့ကို ထိုင်ကြည့်နေရင်း

'စိတ်ဆိုးသွားပြန်ပီလားပေါ့ မင်းလည်း စိတ်ဆိုးတာမဟုတ်ဘူး kit kit ငါလည်း မင်းကို စိတ်ပူတယ် ဒီလို ကောင်မလေး ချောချောတွေများတဲ့ကျောင်းမှာ မင်းကို ထားရတာ စိတ်မချဘူး သိလား'

ကျွန်တော် စိတ်ထဲက ပြောလိုက်သည်။ သူကတော့ မကြားနိုင်ပါ။ ခဏနေတော့ ဆိုင်က ကောင်မလေးက စားပွဲတွင် ကြာဇံကြော် နှစ်ပွဲနဲ့ ဖက်ထုတ်တစ်ပွဲ မစ်ရှိတ်နှစ်ခွက် လာချပေးလို့ ကျွန်တော်တို့ စားလိုက်ကြသည်။

ကျွန်တော်က တူနဲ့ ဖက်ထုတ်တစ်လုံးကို အချဉ်နဲ့ တို့ပီး ယူစားလိုက်သည်။

''ဟွန်း ဒါလေး စားကောင်းတယ်နော်''

''အင်း ဒါကြောင့် p' ကို ကျွေးချင်လို့ မှာလိုက်တာ စားချင်ရင် မှာဦးလေ''

ညီအစ်​ကို ချစ်​သူ (completed)Место, где живут истории. Откройте их для себя