ညီအစ်​ကိုချစ်​သူ ၁၀၁

792 41 0
                                    

brother lover (P 101)
(ညီအစ်ကိုချစ်သူ)

kit//
par က စိတ်တိုတိုနဲ့ ပြောပီး အခန်းထဲဝင်သွားတော့ ကျွန်တော်တို့လည်း ဝမ်းနည်းခြင်းများစွာနဲ့ ငြိမ်သက်စွာ ကျန်ခဲ့ကြသည်။ ဒီလိုနဲ့ mom mom က
''ကဲ မင်းတို့လည်း နားတော့ ကလေးကိစ္စကို မစဉ်းစားနဲ့တော့ မင်းတို့ဒီလိုနေတာနဲ့ပဲ ကျေနပ်လိုက်ကြတော့''

''...''

mom mom စကားကြောင့် ကျွန်တော်တို့ ဘာမှပြန်မပြောပဲ ကျွန်တော်တို့နှစ်ယောက် မျက်လုံးဆုံကြည့်လိုက်သည်။ ဒါနဲ့ mom mom က ထိုင်ရာမှ ထလိုက်ပီး

'' mom mom လည်း ပြန်တော့မယ်''

mom mom က ပြောပီး ထထွက်သွားတော့ mom လည်း အခန်းထဲဝင်သွားသည်။ ဒါနဲ့ ကျွန်တော်လည်း ထလိုက်တော့ p' က စားပွဲပေါ်မှ သစ်သီးပန်းကန်ကို ယူပီး အနောက်ထဲဝင်သွားသည်။ ကျွန်တော်ကတော့ အပေါ်တက်လာခဲ့သည်။

အပေါ်ရောက်တော့ ကျွန်တော် ခုံမှာထိုင်လိုက်သည်။ ခဏနေတော့ p' က ဝင်လာပီး ကျွန်တော့်ဘေးတွင် ဝင်ထိုင်ပီး

''တောင်းပန်ပါတယ် kit kit ကိုယ့်ကြောင့် မင်းစိတ်ညစ်နေရပီ''

''ဘာဆိုင်လို့လဲ''

''ကိုယ့်အတွက်နဲ့ မင်း ဒီလိုတွေးပေးလို့​လေ''

''မဟုတ်ပါဘူး ကျွန်တော့်ဆန္ဒလည်း ပါတာပဲကို''

ဒါနဲ့ p' က ကျွန်တော့်ကို သေချာကြည့်ပီး ကျွန်တော့် ပခုံးကိုဖက်လိုက်တော့ ကျွန်တော် သူ့ပခုံးပေါ် ခေါင်းတင်မှီလိုက်သည်။ ဒါနဲ့ သူက  ကျွန်တော့်ပခုံးကိုင်ထားရာမှ ခေါင်းလေးကို ကိုင်ထားသည်။ ပီးတော့ p' က

''ကိုယ်တို့ ကလေးကိစ္စကို မေ့ထားလိုက်တော့မယ်နော် ကိုယ်တို့ လွတ်လွတ်လပ်လပ်ချစ်ကြတာပေါ့''

သူက​ပြော​တော့ ကျွန်​​တော်​က မှီထားရင်းမှ ခေါင်းထောင်လိုက်ပီး သူ့ကို ကြည့်လိုက်သည်။ ဒါနဲ့ သူက သေချာပြန်ကြည့်တော့ ကျွန်တော်က

''par က ကျွန်တော်တို့ကို ဒီလိုနေခွင့် ပေးပါဦးမလား''

''အင်းနော် ဒါပေမဲ့ မပူပါနဲ့ ကိုယ်တို့က အခု ကလေးမှမဟုတ်တော့တာ ကိုယ့်ဘာသာ ရပ်တည်နိုင်နေပီပဲ တစ်ခုခုစီစဉ်ကြတာပေါ့''

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now