ညီအစ်​ကိုချစ်​သူ ၂၈

1.2K 79 2
                                    

brother lover (p 28)
(ညီအစ်​ကိုချစ်​သူ)

sing//
ကျွန်တော် nem တို့ကို ခေါ်လာတာကို မကြိုက်လို့လားမသိဘူး kit မျက်နှာတွေ ပျက်နေသည်။ သူက ကျွန်တော်တို့နဲ့ မနေခဲ့ပဲ new တို့နဲ့ လိုက်သွားမယ်ဆိုတော့ သူ ကျွန်တော့်ကို စိတ်ဆိုးသွားပီဆိုတာကို ကျိန်းသေသိသည်။

ဘာလို့လဲ ဆိုတော့ သူ ဘယ်သူ့ကားနဲ့မှ ​တော်​ရုံလိုက်လေ့မရှိတာကို ကျွန်တော် သိနေလို့ပဲ။ ပီးတော့ ကျွန်တော် သူ့ကို ဒီတိုင်း မလွှတ်ချင်ပေ။ သူစိတ်​ဆိုးသွားမှာလည်း စိုးရိမ်​မိသည်​။
ဒါနဲ့ nem တို့ကို လွှဲချပီး ပြောလိုက်တော့ သူက ခပ်တည်တည်မျက်နှာနဲ့ ကြည့်ပီး

''ကျွန်တော့်ဘာသာ ပြန်တာ ဘာအားနာစရာ ရှိလို့လဲ''

''မဟုတ်ဘူးလေ''

''သွားပီ''

''kit''

သူက ဆက်ထွက်သွားတော့ ကျွန်တော် ထပ်ခေါ်လိုက်သည်။ ဒါကို သူက လှည့်ကြည့်ပီး

''ကျွတ် ဘာလဲ''

''မင်း တကယ်​ ပြန်မှာလား ငါ့မျက်နှာ မထောက်တော့ဘူးလား''

ကျွန်​​တော်​​ပြောလိုက်​တဲ့စကား​ကြောင့်​ သူက မျက်​​မှောင်​​လေးကျုံ့ပီး new တို့ကိုလှမ်းကြည့်​သည်​ ပီး​တော့ ကျွန်​​တော့်​ဘက်​ ပြန်​လှည့်​ကြည့်​ပီး

''ကျွတ်... ဘာလုပ်ပေးရမှာလဲ''

''ငါနဲ့ အတူတူနေပေးလေ ပီးတော့ မင်းပြန်ရင် mom တို့မေးရင် ဘယ်လိုလုပ်မလဲ''

''....''

ကျွန်တော် ပြောလိုက်တော့ သူက ဘာမှမပြောပဲမျက်စောင်းထိုးကြည့်သည်။ ပီးတော့ သူက

''ဒါဆို ကျွန်တော် ဆိုင်မှာစောင့်နေမယ် ''

''ဒါဆို နေမယ်ပေါ့''

''အင်း''

''လာလေ တစ်ခါတည်း လိုက်ခဲ့လေ''

kit//
p' က ခေါ်တာကို ကျွန်တော်က မလိုက်ချင်ပေမဲ့ ကျွန်တော့်ကြောင့် သူ မျက်နှာပျက်မှာလည်း စိုးမိသည်။ ကျွန်တော်က ရပ်နေတုံး  new က ရပ်စောင့်နေရင်း

''kit လိုက်မှာလား''

''မလိုက်တော့ဘူး သူငယ်ချင်း သွားတော့ ''

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now