ညီအစ်​ကိုချစ်​သူ ၉၀

815 47 0
                                    

brother lover (P 90)
(ညီအစ်​ကိုချစ်​သူ)

kit//
p' က ကျွန်​​တော့်​ ​ကျောင်းကိုပို့ခဲ့ပီး ထွက်​သွားသည်​။ ဒါနဲ့ ကျွန်​​တော်​ အတန်းထဲကို ဝင်​လာ​တော့ တချို့​အတန်း​ဖော်​​တွေသာရှိပီး သူငယ်​ချင်း​တွေ ဘယ်​သူမှမ​ရောက်​​သေးလို့ ခုံတွင်​ ထိုင်​လိုက်​ပီး လွယ်​အိတ်​ထဲက ဖုန်းထုတ်​ကာ ဂိမ်းထိုင်​​ဆော့​နေလိုက်​သည်။

ခဏ​နေ​တော့ oaujun ​ရောက်​လာသည်​။ oaujun က ခုံမှာဝင်​ထိုင်​ပီး

"ဆရာသမား ဘယ်​လိုဖြစ်​တာလဲ''

"ဟင်​ ငါတို့ အိပ်​ရာထ ​နောက်​ကျသွားလို့''

"ငါတို့ဆို​တော့ p'sing ​ရော မင်း​ရော ​ပေါ့''

"​အေ့​လေ''

"​အော်​''

သူက ​ခေါင်း​လေးညိတ်​ပြသည်​။ ကျွန်​​တော်​တို့ စကား​ပြော​နေတုံး mari နဲ့ bem က ဝင်​လာသည်​။ bem က

"ဟဲ့ ​ကျောင်း​ပြေး''

ကျွန်​​တော်​က
"​ကျောင်းမ​ပြေးပါဘူး လူ​ပြေးတာပါ''

"​ဟင်း ဟင်း''

ကျွန်​​တော်​တို့ စကားထိုင်​​ပြော​နေလိုက်​သည်​။ ပီး​တော့ new ပါ​ရောက်​လာသည်​။ ကျွန်​​တော်​တို့ စကား​ပြော​နေတုံး ဆရာ​ရောက်​လာ၍ စာသင်​လိုက်​ကြသည်​။

sing//
ကျွန်​​တော်​ ​ကျောင်း​ရောက်​​တော့ off နဲ့ yarch က ​ရောက်​​နေသည်​။ သူတို့က ကျွန်​​တော့်​ကို မြင်​​တော့

"ဘယ်​လိုဖြစ်​တာလဲ ငါတို့​လောက်​​တောင်​ မ​သောက်​ပဲနဲ့''

"​အေး ငါတို့နှစ်​​ယောက်​ မူးမူးနဲ့ အိပ်​လိုက်​တာ mom လာနှိုးမှ နိုးတယ်​''

"ဟင်​ မင်းတို့နှစ်​​ယောက်​ဆို​တော့ အတူတူအိပ်​တာလား''

"အာ အင်း''

သူက ​မေးလိုက်​​တော့ ကျွန်​​တော်​ လွှတ်​ခနဲ ​ပြောလိုက်​မိတာကို သတိရသွားသည်​။ ဒါနဲ့ အင်​တင်​တင်​နဲ့ ​ခေါင်းညိတ်​လိုက်​သည်​။ ဒါကို သူက

"kit အိမ်​က နီးနီး​လေးကို မပြန်​ဘူးလား''

"သူမူးလာ​တော့ အိမ်​မဝင်​ရဲလို့ အိမ်​မှာအိပ်​တာ''

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now