ညီအစ်​ကိုချစ်​သူ ၁၅

1.4K 101 2
                                    

brother lover (p 15)
(ညီအစ်ကို ချစ်သူ)

sing//
မနက်ရောက်တော့ ကျွန်တော်လည်း ထပီး ကျောင်းသွားဖို့ ပြင်ဆင်လိုက်သည်။ ပြင်ပီးတော့ အောက်ဆင်းလာတော့ mom က မနက်စာ စားဖို့ ပြောသည်။ ဒါနဲ့ ကျွန်တော်က ကျောင်းရောက်မှ စားမယ် ပြောပီး mom ကို နှုတ်ဆက်ကာ ထွက်လာသည်။

ကျွန်တော် ကားပေါ်တက်ပီး မောင်းထွက်လာခဲ့သည်။ ပီးတော့ kit အိမ်ရှေ့မှာ မရပ်တော့ပဲ ခြံထဲတန်းဝင် လာခဲ့သည်။ အိမ်ရှေ့မှာ ကားရပ်ပီး အိမ်ထဲဝင်တော့ သူနဲ့ mom mom က အနောက်ခန်းထဲက ထွက်လာသည်။ mom mom က ကျွန်တော့်ကို မြင်တော့ mom mom က

''အော sing လေး လာခေါ်နေပီ''

''ဟုတ်''

ကျွန်တော်က ခေါင်းညိတ်ပြပီး သူ့အနားလျှောက် သွားလိုက်သည်။ ပီးတော့ သူ့ကို ကြည့်ပီး

''kit kit ဘယ်လိုနေလဲ သက်သာလား''

''သက်သာပါတယ်''

''ဟုတ်လား ကျောင်းတော့ တက်နိုင်တယ်ပေါ့''

''တက်နိုင်လို့ ကျောင်းသွားဖို့လုပ်တာပေါ့''

''အေးပါ p' လေးရယ် စိတ်ကြီးပဲ ဒါဆို သွားမယ်လေ''

''အင်း''

''mom mom သွားပီနော်''

''အေး အေး ကားကို သတိထားမောင်းနော် sing လေး''

''ဟုတ် mom mom''

ကျွန်တော်ကလမေးလိုက်တာကို သူက အလိုမကျတဲ့ပုံနဲ့ ပြန်ဖြေတော့ ကျွန်တော်လည်း ပြန်ရွဲ့လိုက်သည်။ ဒါနဲ့ ကျွန်တော်တို့က စကားပြောနေတာကို mom mom က ပြုံးပီးကြည့်နေသည်။ သူ့သားက ဂျစ်တိုက်နေကျဆိုတော့ အခုလည်း ဂျစ်တိုက်ပြန်ပီဆိုတဲ့ အကြည့်နဲ့ ကြည့်ပီး ကျွန်တော့်ကို မျက်မှောင်ကျုံ့ကာ ခေါင်ခါပြသည်။

ကျွန်တော်လည်း ပြုံးပြပီး နှုတ်ဆက်တော့ သူကပါ mom mom ကို နှုတ်ဆက်တာနဲ့ ပြိုင်တူနှုတ်ဆက်မိလိုက်ကြ သည်။ mom mom ပြောတာကို ခေါင်းညိတ်ပြပီး  သူ့ကိုပါ လှမ်းကြည့်ပီး ခေါင်းညိတ်ပြလိုက်သည်။ ပီးတော့ ကျွန်တော်တို့ အိမ်ကထွက်လာပီး ကားပေါ်တက်ကာ မောင်းထွက်လာခဲ့သည်။

ကျွန်တော်တို့ မောင်းလာရင်း ကျွန်တော်တို့ ရပ်ကွက်လမ်းထိပ်က အပင်ကြီးနားဆီသို့ရောက်တော့  မိုးရွာတဲ့နေ့က ကျွန်တော်တို့ ပြဿနာဖြစ်ခဲ့တဲ့ နေရာဖြစ်သည်။ ဒါနဲ့ ကျွန်တော်က အဲနေရာကို တစ်ချက်လှမ်းကြည့်လိုက်ပီး သူ့ကို ကြည့်လိုက်တော့ သူကလည်း အဲနေရာကိုကြည့်နေသည်။ ပီးတော့ ကျွန်တော်က အရှေ့ကိုပြန်လှည့်ပီး မောင်းလာတော့ သူကလည်း အရှေ့ကို ပြန်လှည့်လာပီး

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now