ညီအစ်ကိုချစ်သူ ၇၃

798 42 0
                                    

brother lover (P 73)
(ညီအစ်ကိုချစ်သူ)

kit//
ကျွန်တော် p' နဲ့ စကားပြောပီး ရေချိုးဖို့ အိမ်အပေါ်တက်လာခဲ့သည်။ အခန်ထဲရောက်တော့ ကျွန်တော် ဗီရိုဖွင့်ပီး အဝတ်စားတွေ ရွေးနေလိုက်သည်။

''ဘာဝတ်ရမလဲ''

mom mom က မီးပူတိုက်ပီး အထပ်လိုက်လေးစီထားပေးတာကို  ကျွန်တော်ကရွေးရင်း ခေါက်ရက်အတိုင်း တစ်ခုထုတ်လိုက် ကုတင်ပေါ်တင်လိုက် နောက်တစ်ထည်ယူလိုက် ကုတင်ပေါ်တင်လိုက်နဲ့ ရွေးမရပေ။

ဒါနဲ့ ကျွန်တော်လည်း ၁၀ ထည်လောက်ရွေးပီး ကုတင်ပေါ်တွင်ခေါက်ရက်အတိုင်း စိလိုက်ပီး ဘာဝတ်ရမှန်းမသိ ဖြစ်နေသည်။ အဲလိုနေရာတွေကို တစ်ခါမှ မရောက်ဘူးတော့ စိတ်လှုပ်ရှားနေသည်။ ပီးတော့ p' ရဲ့ ချစ်သူဆိုပီး သွားရမှာမို့ ပိုပျော်နေမိသည်။

ကျွန်တော်လည်း အင်္ကျီတွေကို ရပ်ကြည့်နေရင်း ဘာဝတ်ရမှန်းမသိသေးတာကြောင့် ရေချိုးပီးမှ ပြန်ရွေးမယ်ဆိုပီး ထားခဲ့ကာ ရေချိုးခန်ထဲဝင် ရေချိုးလိုက်သည်။

sing//
ကျွန်တော် အိမ်ထဲဝင်တော့ mom mom က ဧည့်ခန်းမှာထိုင်ရင်း ကျွန်တော် ဝတ်စားထားတာကို ကြည့်ပီး

''sing လေး အပြင်သွားဖို့လား''

''ဟုတ်တယ် mom mom သူငယ်ချင်းတွေနဲ့ မုန့်စားမလို့ အဲဒါ kit လေးကို ခေါ်သွားမယ်နော်''

''အေး သွားလေ''

''ဟုတ်''

ကျွန်တော် အပေါ်တက်လာခဲ့လိုက်သည်။ အခန်းထဲရောက်တော့ kit ကို မတွေ့ ကျွန်တော် အထဲကို ဆက်လျှောက်လာတော့ ရေချိုးခန်းထဲက ရေသံကို ကြားနေရလို့ ရေချိုးခန်းကို လှည့်ကြည့်လိုက်သည်။ ပီးတော့ ကျွန်တော် ခုံမှာထိုင်ဖို့ လှည့်လိုက်တော့ ကုတင်ပေါ်မှာလစီထားတဲ့ အဝတ်တွေကို မြင်ပီး

''ဘာလုပ်ထားတာလဲ  ရွေးထားတာဖြစ်မယ် ဟင်း ဟင်း ''

သူကတစ်ခါမှ မသွားဘူးတော့ စိတ်လှုပ်ရှားနေတာနေမယ် ကျွန်တော်လည်း ရယ်ပီး ဆိုဖာခုံမှာ သွားထိုင်လိုက်သည်။ ပီးတော့ စောင့်ရင်း ဂိမ်းဆော့နေလိုက်သည်။

kit//
ကျွန်တော်ရေချိုးပီး ထွက်လာတော့ p' က ခုံမှာထိုင်နေတာကို တွေ့သည်။ ကျွန်တော့်ကို လှမ်းကြည့်တော့  ကျွန်တော်က

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now