ညီအစ်​ကိုချစ်​သူ ၁၆

1.4K 92 0
                                    

brother lover (p 16)
(ညီအစ်ကိုချစ်သူ)

kit//
ကျွန်တော်လည်း ကားပ်ါကဆင်းပီး ကျောင်းဘက်သို့ လျှောက်လာခဲ့သည်။ သူ့ကား မောင်းသံမကြားရသေးပေ။ ကျွန်တော်လည်း လှည့်မကြည့်ပဲ ကျောင်းထဲသို့ ဝင်လာခဲ့သည်။

'သူက မိတ်ဆက်ပေးမယ်ဆိုတော့ ကျွန်တော်က ဘယ်လိုမျက်နှာနဲ့ နှုတ်ဆက်ရမလဲ။  သူ ချစ်သူတွဲနေတယ်ဆိုတာ သိရုံနဲ့တင် ကျွန်တော် ခံစားနေရတာ လူချင်းတွေ့ပါပေးဦးမယ်ဆိုတော့ ကျွန်တော့်ကိုများ တမင်များ နှိပ်စက်နေတာလား p' ကျွန်တော့် ခံစားချက်တွေကို မမြင်သေးဘူးလား'

ကျွန်တော်လည်းတွေးရင်း လမ်းလျှောက်လာရာ ကျောင်းဆောင်ဘက်ကို ကွေ့လိုက်တော့ တစ်ဖက်မှ လာတဲ့ သူက

''ဟဲ့ kit နေကောင်းသွားပီလား''

''ကျွန်တော်က မော့ကြည့်လိုက်တော့ mari ဖြစ်နေသည်။ ဒါနဲ့ ကျွန်တော်က

''အေး ''

''နင် စောလာတာနဲ့ အတော်ပဲ စာကူးဖို့ ပြပေးလို့ရတာပေါ့''

''အင်း ကျေးဇူးပါ''

''ရပါတယ် နင်ကလည်း အထူးအဆန်းတွေ လုပ်နေတယ်''

''...''

သူက ပြောတော့ ကျွန်တော်လည်း ဘာမှမပြောပဲ ပြုံးပြလိုက်သည်။ ပီးတော့ ကျွန်တော်တို့ ကျောင်းဆောင်ကို ဆက်လျှောက်လာခဲ့သည်။  ကျောင်းဆောင်လည်း ရောက်လာတော့ mari က

''ဒီမှာခဏထိုင်မယ်လေ ''

''အင်း''

ကျောင်းဆောင်ရှေ့ရဲ့ အပင်အောက်က ခုံတန်းကို လက်ညှိုးထိုးပြတော့ ကျွန်တော်က ခေါင်းညိတ်ပြလိုက်သည်။ ပီးတော့ ကျွန်တော်တို့ ခုံတန်းဆီကို လျှောက်သွားကာ ခုံမှာ ဝင်ထိုင်လိုက်သည်။ ပီးတော့ ကျွန်တော်က ခုံပေါ် လွယ်အိတ်တင်လိုက်ပီး

''ဟိုကောင်တွေ မရောက်သေးဘူးလား''

''စောသေးတာကို ဘယ်ရောက်ဦးမှာလဲ''

''အော''

ကျွန်တော် နာရီကြည့်လိုက်တော့ ၈ နာရီခွဲကျော်ကျော်ပဲရှိသေးသည်။ 'ဟုတ်သားပဲ p' က သူ့ကောင်မလေးနဲ့ တွေ့ချင်လို့ စောထွက်လာတာနေမှာပေါ့။ မနေ့က တစ်နေကုန် မတွေ့လိုက်ရလို့ သွားတာနေမှာ ဖြစ်နေလိုက်တာ p' ရယ်'

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now