ညီအစ်​ကိုချစ်​သူ ၂၁

1.3K 77 2
                                    

brother lover (p 21)
(ညီအစ်ကိုချစ်သူ)

kit//
ကျွန်တော် အခန်းထဲတွင် စာလုပ်နေတုံး အခန်းတံခါးကို ဖွင့်ပီး အထဲကို ဝင်လာလို့ ကြည့်လိုက်တော့ p' ဖြစ်နေသည်။ ဒါနဲ့ ကျွန်တော်က သူဝင်လာတာကို သေချာကြည့်နေလိုက်သည်။ သူက အနားရောက်လာပီး

''mom ကို လာနှုတ်​ဆက်တာ''

''အော်''

''ဟို မနေ့က စာတွေကူးနေတာလား ပေးလေ ကိုယ်လည်း ကူးပေးမယ်''

''ရပါတယ် မနက်က oaujun တို့ ကူးပေးလို့ ပီးသွားပီ''

''ဟုတ်လား ကိုယ်က ဝိုင်းကူးပေးဖို့ ''

''ရပါတယ်''

သူက ပြောပီး ပြတင်းပေါက်နားကို လျှောက်သွားသည်။ ပီးတော့ ပြတင်းပေါက်ဘောင်ကို နောက်မှီပီး လက်ပိုက်ထားရင်း ကျွန်တော့်ကို ကြည့်နေသည်။ ဒါနဲ့ ကျွန်တော်က လှမ်းကြည့်လိုက်ပီး

''p' ရော ကူးလို့ပီးသွားပီလား''

''အင်း''

သူက 'အင်း' တစ်လုံးသာပြောသည်။ ကျွန်တော်လည်း စာပြန်လုပ်နေလိုက်သည်။ ဒါကို p' က

''kit kit ''

''ဟင်''

'' ငါ မေးစရာရှိလို့''

''မေးလေ''

ကျွန်တော်က သူ့ကိုလှည့်မကြည့်ပဲ စကားပြောနေသည်။ ဒါကို သူက ခဏ ငြိမ်နေပီးမှ

''oaujun က သူ့nong နဲ့ တကယ်ဆက်ပေးရင် မင်းဘယ်လိုလုပ်မလဲ''

''သူက စတာပါ ''

''အင်းပါ တကယ်ဆိုရင် မင်းရဲ့သဘောကို သိချင်လို့ပါ''

သူ့ရဲ့ ပြောတဲ့ စကားသံက အေးဆေးနေသည်။ ဒါနဲ့ ကျွန်တော် သူ့ကို လှည့်ကြည့်လိုက်တော့ အေးဆေးတည်ငြိမ်စွာ ကြည့်နေသည်။ ဒါနဲ့ ကျွန်တော်က

''ကျွန်တော် တကယ်လို့ စိတ်ပါရင် p' က လက်ခံမှာလား''

''ဟင် ဘာလဲ''

''နားကလည်း ချက်ချင်းလေးသွားပီ''

''ဘာလဲ''

''ဘာမှမဟုတ်တော့ဘူး''

သူက ကြောင်ပီး ပြန်မေးတော့ ကျွန်တော်လည်း စာအုပ်ကိုပြန်ကြည့်ပီး ပြောလိုက်သည်။ ဒါကို သူက ပြန်မေးတော့ ကျွန်တော်လည်း ခေါင်းခါပြလိုက်သည်။

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now