ညီအစ်​ကိုချစ်​သူ ၁၇

1.4K 92 0
                                    

brother lover (p 17)
(ညီအစ်ကိုချစ်သူ)

sing//
ကျွန်တော် စားနေရင်း kit အကြောင်းတွေးနေလိုက်သည်။ ဒါကို nem က

''ဟို ငါ နင့် nong ကို အပစ်ပြောတာမဟုတ်ဘူးနော်''

''အေးပါ ငါဘာပြောလို့လဲ''

''မသိဘူးလေ နင်က မျက်နှာပျက်သွား တော့ ငါ့ကို တစ်မျိုးထင်မှာစိုးလို့''

''မထင်ပါဘူး''

''အေးပါ နင်တို့ p' - nong ကို အံ့သြလို့ပါ ငါတောင် jan ကို ချစ်တယ်ဆိုပေမဲ့ နင့်တို့ကို မမှီဘူး နင့် nong ကရော နင့်ကို ချစ်တာပဲလား''

''အင်း ချစ်မှာပေါ့''

''အင်းနော်''

သူက မေးလိုက်တဲ့ စကားကြောင့် ကျွန်တော့်ရင်ထဲ ခံစားချက်တွေက ပိုတိုးနေသည်။
'kit ရယ် ကိုယ်တို့ အချစ်တွေ ဘယ်အချိန်ထိ မျိုသိပ်ထားရမလဲ ကိုယ်တို့ရဲ့ အချစ်တွေက လူသိလို့ အမြင်မတင့်တယ်တာကြောင့် ဖွင့်ဟခွင့်မရှိပဲ မျိုသိပ်ထားခဲ့ရတာပါ။
ကိုယ် မင်းကို ချစ်တယ်လို့ ပြောတဲ့ စကားက ကိုယ်နှုတ်ဖျားမှာ ဘယ်လောက်ထိ ချိုမြိန်တယ်ဆိုတာ မင်းသိလား'

ကျွန်တော် စားရင်းတွေးနေတုံး nem က

''sing နင် ဘာဖြစ်နေတာလဲ မျက်လုံးတွေရဲပီး မျက်ရည်တွေဝဲ နေပါလား''

''ဟင် ဟုတ်လား''

''အင်း''

ကျွန်တော့်ရဲ့ မျိုသိပ်ထားတဲ့ ရင်ထဲက ခံစားချက်တွေကိုတွေးရင်း  မျက်ဝန်းပေါ်မှာ ထင်ဟပ်သွားတာ ကြောင့် nem က အံ့သြပီး မေးလိုက်သည်။ ဒါနဲ့ ကျွန်တော်က

''ဟို ငါ စားရင်း ချောင်းဆိုးချင်လာလို့ နင့်ကို အားနာလို့ အောင့်ထားလိုက်တာ အဲဒါ အဟွတ် အဟွတ်''

''ဟယ် သီးသွားလား နင်ကလည်း အားနာစရာလား ငါတို့က ချစ်သူတွေပဲကို ရော့ ရော့''

ကျွန်တော်က ပြောပီး လက်လေးကာရင်း ဆိုးပြလိုက်သည်။ ဒါနဲ့ သူက  ပြောပီး ခုံပေါ်မှာ ရေဘူးအဖုံးဖွင့်ပီး လှမ်းပေးသည်။ ဒါနဲ့ ကျွန်တော် ယူပီး မော့သောက်လိုက်သည်။ သူ မရိပ်မိအောင် တမင်ပြောလိုက်ခြင်းဖြစ်သည်။ ပီးတော့ ကျွန်တော်က တစ်သျှူးယူသုတ်လိုက်ပီး

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now