💞1💞

6.1K 415 5
                                    

ခိုနားခွင့်လေး

                     💞1💞

        လူနေလူထပ်ပြီး စည်းကားသိုက်မြိုက်လှတဲ့ မြို့တစ်မြို့။ ထို့မြို့နာမည်က ယွမ်အန်း။ ငြိမ်းချမ်းရေး အမှတ်တံဆိပ်အဖြင့် ဘုရင်မင်းမြတ်က ပေးခဲ့သော နာမည်ပင်။ ပြည်သူများကလည်း စိတ်နှလုံးပြည်ဝသော ဘုရင့်လက်အောက်မှာ နေထိုင်ရတာ အတော်လေး စိတ်ချမ်းသာနေပုံပင်။

       စျေးဝယ်လာသော သူများ၊ လမ်းလျှောက်ထွက်လာသူတို့ဖြင့် ကြိတ်ကြိတ်တိုးနေသည်။ ထိုလူအုပ်ကြားထဲ ထူးထူးဆန်းဆန်း အနီရောင်လေးတစ်ခုက ပြေးလွှားနေ၏။ အခြားတော့ မဟုတ် ထိုအရာက အသက်၁၀နှစ်အရွယ် ကောင်လေးတစ်ယောက်၏ ဆံပင်ပင်။

       မွေးရာပါ နီရဲရဲဆံပင်နှင့် ဆီးနှင်းဖြူလို အသားအရေနဲ့ ထိုကောင်လေးဟာ ရုပ်ရည်ချောမောရုံသာမက စိတ်သဘောထားလည်း ကောင်းသူလေး။ သို့သော်။

"အမေ.......အမေ....."

       ကုန်သည်ကြီး၏ အိမ်တော်ထဲ ထိုဆံပင်အနီနဲ့ကောင်လေး ပြေးဝင်လာလေ၏။ သူ့လက်ထဲတွင်လည်း စာရွက်လေးတစ်ရွက်ကို ဖွဖွလေး အမိအရ ဆွဲကိုင်ထားသည်။ ခြံရှေ့တွင် ဓားသိုင်းလေ့ကျင့်နေသော အသက်၁၅နှစ်အရွယ် မိန်းကလေးသည် ဆံပင်အနီနဲ့ကောင်လေး ပြေးလာတာ မြင်တော့ သူမလေ့ကျင့်နေတာကို ရပ်လိုက်ကာ

"ရှောင်ပင်း....."
"မမ.....ကြည့်လိုက်....."

       သူ့လက်ထဲမှာ ပါလာတဲ့ စာရွက်လေးကို ဖြန့်ပြလိုက်သည်။ မိန်းကလေးက ငုံ့ကြည့်ရင်း

"ဒါက....."
"ကျွန်တော်အခုကစပြီးကျင့်ကြံခြင်းလမ်းကိုသွားလို့ရပြီ... "

"တကယ်လား.... "
"အင်း....ဒါဆရာကိုယ်တိုင်ပေးလိုက်တဲ့ခွင့်ပြုစာ....မေမေဘယ်မှာလဲဟင်..."

"ဒေါ်လေး... ဥယျာဥ်ထဲမှာ...."
"ကျွန်တော်မေမေ့ကိုသွားတွေ့လိုက်အုံးမယ်နော်..."

       အပြေးတစ်ပိုင်းလေး ဥယျာဥ်ထဲ ပြေးသွားလိုက်တော့ သူတွေ့လိုက်ရတာက သူ့အမေက သူ့ညီလေးကို ထမင်းခွံကျွေးနေခြင်း။ သူ့ညီလေးက အသက်အားဖြင့် ၆နှစ်သာ ရှိသေးပေမယ့် သူ့အပေါ်ကို တော်တော်အနိုင်ယူတတ်သည်။

White in the red heart(ခိုနားခွင့်လေး )Complete Wo Geschichten leben. Entdecke jetzt