💞9💞

2.3K 262 7
                                    

ခိုနားခွင့်လေး

                    💞9💞

       ပိုင်ရှီး ကောင်လေးငယ်ကို ပွေ့ချီလိုက်ပြီး ထလိုက်သည်။ ရွှမ်းကောတို့ဘက် လှည့်လိုက်ကာ မျက်စောင်းလှလှလေး ထိုး၍

"ပင်းအာကိုမခြောက်ပါနဲ့တော့....ပင်းအာ....ကိုယ်ခဏလိုက်သွားရမယ်....ပြဿနာကိုဖြေရှင်းပြီးတာနဲ့ချက်ချင်းပြန်လာခဲ့မယ်..."
"ကတိနော်..."

"ကတိ....ရှောင်လန်....သွားရအောင်..."
"ဟုတ်ကဲ့"

       ထိုစဥ် လင်းမုသန်းနှင့်ထုံးအာကလည်း ခြံထဲ ပြန်ဝင်လာသည်ကို တွေ့လိုက်ရသည်။

"အစ်ကိုပိုင်....အစ်ကိုရွှမ်း....နင်တို့....အာ....ငါသိပြီ....သွားကြ.....ငါရှုပင်းခန့်နဲ့နေခဲ့မယ်...."

       ပိုင်ရှီး ခေါင်းညိတ်ပြလိုက်သည်။ ရှုပင်းခန့်ကို မြေပေါ်ညင်သာစွာ ချပေးပြီး ရွှမ်းကောတို့နှင့်အတူ လေဟုန်စီးကာ ထွက်သွားလေ၏။ မျက်ရည်လေးအိုင်လျက် ကျန်ရစ်ခဲ့သော ကောင်လေးတစ်ယောက်၏ ပုံရိပ်ကိုတော့ သူတို့သုံးယောက် မမြင်လိုက်ရချေ။

       ကောင်းကင်ဂိုဏ်းရောက်သောအခါ ပင်မခန်းမဆောင်ထဲ အကြီးအကဲ သုံးယောက်က အတန်းလိုက်ချထားသော ပုလ္လင်သုံးခုပေါ် ငြိမ်သက်နေသည်။ တပည့်များစွာလည်း ရောက်နှင့်နေပြီ။ ရေသခင်မရွှေယိလည်း ရောက်နေပြီဖြစ်သည်။

       ရွှမ်းကောနှင့် ဖန့်မင်က အရှေ့မှဦးဆောင် ဝင်သွားပြီး ရှောင်လန်နှင့်ပိုင်ရှီး အတူယှဥ်တွဲ ဝင်လာတာမြင်တော့ အကြီးအကဲ သုံးယောက်လုံး တစ်ပြိုင်တည်း မတ်တပ်ထရပ်မိသွားသည်။ ရှောင်လန် ကိုယ်ကနတ်ဆိုးအငွေ့အသက်တွေကို အာရုံခံမိသွားသည့်နှယ် မျက်စိမျက်နှာပျက်လျက်။ လင်းအကြီးအကဲကတော့ စိုးရိမ်မှုတွေကြောင့် တိတ်ဆိတ်နေမိသည်။

"အကြီးအကဲသုံးယောက်ကိုဂါဝရပြုပါတယ်...."

       ရွှေအကြီးအကဲက ဆိုသည်။

"ပိုင်ရှီး.....ဒါကဘယ်လိုဖြစ်တာလဲ.... "
"ရွှေအကြီးအကဲကိုလျှောက်တင်ပါတယ်...ချင်းမင်းရွာမှာလွန်ခဲ့တဲ့တစ်လလောက်ကစဖြစ်ခဲ့တဲ့ဖုတ်ကောင်ရောဂါနဲ့ပတ်သက်ပြီး....တင်ပြချင်တယ်...."

White in the red heart(ခိုနားခွင့်လေး )Complete Onde histórias criam vida. Descubra agora