💞44💞

2.2K 214 0
                                    

Unicode
White in the red heart

                           💞44💞

       လင်းမုသန်း ထုံးစံအတိုင်း အရက်အိုးတစ်လုံးနဲ့ ကောင်းကင်ဂိုဏ်းက တပည့်တွေလေ့ကျင့်သည် ကွင်းပြင်ဘေးကနေ ဖြတ်လျှောက်သွားသည်။ သူ့ကိုမြင်တိုင်း လက်ထဲမှာအရက်နဲ့မို့ တပည့်တွေကတော့ ခေါင်းသာခါမိကြသည်။ အခုအချိန်ဆို ရှုပင်းခန့် နဲ့ ပိုင်ရှီး ဘယ်လိုနေမလဲ သူသိချင်သေးသည်။

      ရွှမ်းကောကတော့ သူ့ရွှေအမြုတေ ဖျက်စီးခံလိုက်ရတဲ့ အချိန်ကစပြီး သူ့ခြံဝန်းထဲကနေ လုံးဝမထွက်တော့ပါ။ ပိုင်ရှီးကို ဖမ်းဆီးပြီး သူတို့နှစ်ယောက်ကြား သွေးထိုးခဲ့မိတဲ့အတွက် သူတကယ်နောင်တရနေသည့်ပုံပင်။ ဖန့်မင်ကတော့ သူ့ဘေးမှာ အချိန်ပြည့်ရှိသည်။ အခုဆို ကောင်းကင်ဂိုဏ်း၏တပည့်ကျော် ဆယ်ယောက်ထဲကတစ်ယောက်ဖြစ်တဲ့သူက အသုံးမကျတဲ့သူ ဖြစ်နေပြီလေ။

       တပည့်ငယ်လေးတွေကလည်း သူ့လုပ်ရပ်အတွက် သူ့ကိုရွံရှာကြသည်။ သူ့ကိုတွေ့ရင် ဝေးဝေးကရှောင်ကြသည်။ ထို့ကြောင့်လည်း ရွှမ်းကော အပြင်မထွက်ဖြစ်ပါ။ သူလေးလလောက် အချိန်ယူပြီး ကျင့်ကြံခြင်းအဆင့် မြှင်တင်ပါသော်လည်း နတ်ဆိုးကျင့်ကြံခြင်း၏ ဧကရာဇ်အဆင့်ရောက်နေသော ရှုပင်းခန့်ကို သူမယှဥ်နိုင်ခဲ့ချေ။

       ထိုအစား သူ့အမြုတေတောင် ဖျက်စီးခံလိုက်သေးသည်။ ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်လဲ။ သူလည်းအခုဆို အရက်နဲ့အဖော်စပ်နေရပြီ။ တဖွဲဖွဲကျနေသော နှင်းဖတ်များကို ငေးကြည့်ရင်း သူပြန်မြင်ယောင်မိသည်။ ငယ်စဥ်ဘဝတုန်းက သူ၊ပိုင်ရှီးနဲ့ လင်းမုသန်းနှင့် ဖန့်မင်တို့လေးယောက် နှင်းတောထဲပတ်ပြေးပြီး ဆော့ကြတာတွေ။

       သူတွေးရင်း ရယ်မိသည်။ အတိတ်က ဘယ်လောက်တောင် လှပလိုက်သလဲ။

"အစ်ကိုရွှမ်း...."

      ဖန့်မင်က သူအမြုတေဖျက်စီးခံရပြီးကတည်းက သူ့ဆီမှာပဲ လာ​နေသည်။ သူ့အနားမှာ ကောင်းလည်းတူ ဆိုးလည်းတူ နေပေးမှာ ဖန့်မင်ပဲရှိသည်။ သူ့ကိုအသုံးချပြီး ရှုပင်းခန့်ကိုသတ်ဖို့ လုပ်ခဲ့သည်။ သူ့ရဲ့အရှက်ကို အသုံးချပြီးတော့ပေါ့။ ရွှမ်းကော တကယ်ကိုရူးမိုက်ခဲ့ပါသည်။

White in the red heart(ခိုနားခွင့်လေး )Complete Where stories live. Discover now