💞20💞

2.3K 230 3
                                    

White in the red heart

                          💞20💞

"သူရွာထဲမှာသူငယ်ချင်းတစ်ယောက်ရနေတယ်...သူ့ဆီမှာဖြစ်မှာပေါ့..."

      အခန်းထဲက ထွက်လာတဲ့ ရှုပင်းခန့်မှ ဖြေလိုက်ခြင်း။ ညစာအတွက် ရှုပင်းခန့် ပြင်ဆင်ထားသော ဟင်းလျားများကို လင်းမုသန်းက ဝိုင်းကူသယ်ပေးသည်။ ကောင်းကင်ဂိုဏ်းက အစ်ကိုများ ရောက်လာတာကြောင့် လင်းမုသန်းက ထမင်းခူးခတ်ပေးလေ၏။

      နောက်ဆုံး ရှုပင်းခန့် ငါးပေါင်းပန်းကန်လေးယူလာသောအခါ ပိုင်ရှီးတစ်ယောက် မျက်ဝန်းလေးတွေ တောက်ပသွားသည်။ ရွှမ်းကောက ပိုင်ရှီးအနားကို ပြောင်းထိုင်ရန် အထတွင် လင်းမုသန်းက လှမ်းဆွဲကာ ပြန်ထိုင်စေ၏။

"လာ....လာ....ညီမအရက်ဝယ်လာတယ်..."

      ရွှမ်းကော ပိုင်ရှီးအပေါ်ထားတဲ့ မေတ္တာကို နားလည်တာမို့ လင်းမုသန်းက ရွှမ်းကောစိတ်ပြေသွားအောင် အရက်အတင်းငှဲ့တိုက်နေလေသည်။ ရှုပင်းခန့်ကလည်း ပိုင်ရှီးအပေါ် ထိုသို့သောမေတ္တာရှိနေတယ်ဆိုတာ ရှုပင်းခန့် ပိုင်ရှီးကိုကြည့်တဲ့ အကြည့်တွေကို မြင်တာနဲ့ ရိပ်မိပြီးသား။ ပိုင်ရှီးကလည်း ရှုပင်းခန့်အပေါ်ဆို သိသိသာသာ ပိုမိုကောင်းမွန် ဆက်ဆံပေးတာကြောင့် သူတို့နှစ်ယောက်အတွက် လင်းမုသန်းက တမင်လုပ်ပေးနေခြင်း ဖြစ်သည်။

       ရှုပင်းခန့် ငါးပေါင်းပန်းကန်ကို ပိုင်ရှီးတစ်ယောက်တည်း၏အရှေ့မှာ ချပေး၏။ ပိုင်ရှီးက အလယ်မှာ ချမည်အလုပ်တွင် ပိုင်ရှီးလက်ကောက်ဝတ်ကို ရှုပင်းခန့်က လှမ်းဖမ်းဆွဲပြီး ခေါင်းခါပြသည်။

"ဒါကိုကို့တစ်ယောက်ထဲအတွက်..."
"ပင်းအာ...."

      ကျန်သုံးယောက်က ပိုင်ရှီးကိုတစ်လှည့် ရှုပင်းခန့်ကို တစ်လှည့်ကြည့်နေကြသည်။ လင်းမုသန်းက ဟင်းရွက်တစ်ရွက်ကို တူနဲ့ညှပ်ယူလိုက်ရင်း

"ငါငါးမကြိုက်ဘူး..."
"ငါလည်းမစားဘူး..."

      ဖန့်မင်ကလည်း ပြောလာ၏။ ရွှမ်းကောကတော့ တစ်စုံတရာမလှုပ်ရှားသေးဘဲ ပိုင်ရှီးကိုသာကြည့်နေသည်။ ဖန့်မင်က ဟင်းတို့ကိုခတ်ကာ ရွှမ်းကောပန်းကန်ထဲ ထည့်ပေးသည်။

White in the red heart(ခိုနားခွင့်လေး )Complete Where stories live. Discover now