💞25💞

2.1K 219 2
                                    

White in the red heart

                             💞25💞

"မင်းဒီကိုဘာလာလုပ်တာလဲ...."
"ဒီနေရာကအေးတယ်လေ....အဲ့တာကြောင့်...လာခဲ့တာ...."

"အင်း......."

       ဟေးဖောင် သက်ပျင်းချရင်းက အင်းလိုက်သည်။

"မင်းကမိန်းကလေး....ကျင့်ကြံသူလောကကအရင်လိုမဟုတ်တော့ဘူး....ထုံးအာ....အပြင်လျှောက်လျှောက်မထွက်နဲ့..."
"စိတ်မပူနဲ့....ငါဘာမှမဖြစ်ဘူး...."

"ထုံးအာ....."
"အဲ....နင်ကော....ဘယ်လိုလုပ်ရောက်လာတာလဲ..."

"ငါကအဘွားနဲ့အဖိုးရဲ့အုတ်ဂူကိုလာကြည့်တာ....သတိရလို့...."
"သူတို့က...."

"သေသွားပြီ....လွန်းခဲ့တဲ့၁၂နှစ်လောက်က..."
"ဟင်...."

"သူတို့နဲ့တွေ့ချင်လား...."
"ကောင်းပြီလေ...."

      သို့နှင့် ရှောင်ထုံးအာသည် ဟေးဖောင်နှင့်အတူ ဝါးရုံတောထဲက ထွက်လာခဲ့သည်။ ဝါးရုံတော၏ အစွန်ဘက်ဖျားတွင် မြက်ပင်ရှည်ကြီးများ တောစပ်ရှိ၏။ ထိုမြက်ပင်ရှည်များက သူတို့ခါးလယ်လောက်အထိ ရှည်လျားပြီး သန်မာသည်။

      ထိုမြက်ပင်ရိုင်းများကြားတွင်တော့ မြေမို့မို့လေးနှစ်ခုက သူတို့အလာကို စောင့်နေသည့်အလာ ထင်ထင်ရှားရှား ပေါ်ထွက်နေသည်။ တောင်လေးကလည်း တဖြူးဖြူး တိုက်ခတ်နေသောကြောင့် လေတိုက်ရာအတိုင်း မြက်ရိုင်းများကလည်း ယိမ်းနွဲ့ကခုန်လို့နေသည်မှာ ကချေသည်လေးများနဲ့ တူလှသည်။

      အုတ်ဂူနားရောက်တော့ ဟေးဖောင်က ဒူးထောက်၍ ဂါဝရပြုသည်။ ဂါဝရပြုပြီးနောက် မတ်တပ်ပြန်ထကာ

"ဒါငါ့ရဲ့အဖိုးအဖွားအုတ်ဂူပဲ...."

      ရှောင်ထုံးအာ ခါးကိုင်း၍ အရိုအသေပေးလိုက်သည်။

"ငါ့မှာလည်းမိဘမရှိတော့ဘူး...."
"သိတယ်...."

"နင်ကဘယ်လိုသိလဲ....."
"နင့်အစ်ကို....ရှုပင်းခန့်ကိုလည်းငါသိတယ်..."

"အာ....ငါ့အစ်ကိုကနာမည်ကြီးတယ်လေ...လူတွေကဖိန့်ဖိန့်တုန်အောင်ကြောက်နေတာကိုး....နင်သိတာမဆန်းပါဘူး..."
"ငါကမင်းထက်ကြီးတာကို...သိတယ်လေ..."

White in the red heart(ခိုနားခွင့်လေး )Complete Where stories live. Discover now