💞15💞

2.3K 209 3
                                    

ခိုးနားခွင့်လေး

                     💞15💞

       သူ့အမေအကြောင်း ပါလာလို့ ဒေါသထွက်မလာ စိတ်လှုပ်ရှားမလားဆိုပြီး သိချင်သိလို့ပါဆို သူကကိုယ့်ကိုပဲ စိုက်ကြည့်နေလိမ့်မယ်လို့ ဘယ်သူကထင်မလဲ။ အိမ်သားတွေအားလုံးကတော့ ကြောက်လန့်နေကြပြီ။ ပိုင်ရှီး အနီးနားကလူတွေကို လိုက်ကြည့်လိုက်တဲ့အခါ သခင်မနဲ့သူ့သားပါမလာတာကို တွေ့လိုက်ရသည်။

"သခင်မချူနဲ့...သခင်လေးချူကိုမတွေ့ပါလား...သူတို့ဘယ်မှာလဲ..."
"ကျုပ်ညီမကသူ့အခန်းထဲမှာပါပဲ....သူ...သူကညသန်းခေါင်လောက်မှနိုးလာတယ်...ပြီးရင်ထမင်းအိုးတွေလျှောက်လှန်ပြီးစားတယ်...စူးစူးဝါဝါးအော်ဟစ်တယ်...."

       ကုန်သည်ကြီးက ခဏနားပြီးမှ စကားကို ဆက်ပြောလိုက်သည်။

"တစ်ခါတလေဆိုဓားဆွဲပြီးကျုပ်တို့ကိုသတ်ဖြတ်ဖို့လိုက်ရှာတော့တာပဲ....ကျုပ်တို့မှာပုန်းနေရတယ်..."
"သူကနေ့ဘက်တွေမနိုးဘူးလား..."

"တစ်ခါတလေပါပဲ....နေ့ဘက်ဆိုအကောင်းပါပဲ...."
"ချူသခင်လေးကော..."

"သူ့အမေအဲ့လိုတွေစဖြစ်ကတည်းကသူလည်းအခန်းထဲကထွက်မလာတော့ပါဘူး..."
"အော်...ဒီညတော့ကျွန်တော်စောင့်ကြည့်နေမှာမို့အနားယူလိုက်ကြပါတော့..."

"ကျေးဇူးတင်ပါတယ်....သခင်လေး...ကျေးဇူးတင်ပါတယ်...."

       ပိုင်ရှီး ခေါင်းအသာညိတ်ပြလိုက်သည်။ ရှုပင်းခန့်ကို တစ်ချက်လှည့်ကြည့်လိုက်ပြီး အပြင်ထွက်လာခဲ့၏။ မို့ဟန်က သိမ်မွေ့သော​ခြေလှမ်းတို့နဲ့ လိုက်လာသည်ကို ခံစားမိတော့ နှစ်ယောက်အတူ နောက်လှည့်ကြည့်သည်။

       ပိုင်ရှီးက ကြင်နာစွာ ပြုံးပြပြီး

"တစ်ခုခုများပြောစရာရှိလို့လား....မိန်းကလေး...."
"ဟို....ကျွန်မမေးစရာလေးရှိလို့ပါ..."

"မေးပါ..."
"လွန်ခဲ့တဲ့၁၂နှစ်တုန်းက...သခင်လေးခေါ်သွားတဲ့ကောင်လေးလေ...ကျွန်မမောင်လေး...သူ...."

       ရှုပင်းခန့် မျက်ဝန်းတို့ တောက်ပသွားသည်။ သူ့အစ်မဝမ်းကွဲက သူ့ကိုဂရုစိုက်နေအုံးမယ်လို့ သူလုံးဝကို မထင်ထားခဲ့ပါ။ မျှော်လည်းမမျှော်လင့်ထားခဲ့ပါ။ အစ်မဝမ်းကွဲဆီက မိမိအကြောင်း မေးသံကြားလိုက်ရတော့ ရှုပင်းခန့်ရင်ထဲ ပျော်ရွှင်မှုအရိပ်လေး ဖြတ်ပြေးသွားသည်။

White in the red heart(ခိုနားခွင့်လေး )Complete Where stories live. Discover now