💞42💞

1.9K 185 4
                                    

Unicode
White in the red heart

                            💞 42💞

       သို့နှင့် ညချမ်းအချိန်ရောက်တော့ သူတို့လှည်းကလေး မြို့တစ်မြို့ထဲ ဝင်လာခဲ့သည်။ မြို့ထဲတွင်လည်း နှင်းများဖုံးလွှမ်းနေသောကြောင့် မချော်အောင်သတိထားနေရ၏။ ရှုပင်းခန့် တည်းခိုခန်းရှေ့ရောက်တော့ လှည်းကိုရပ်လိုက်ပြီး အထဲဝင်လာလိုက်သည်။

"ကိုကိုကျွန်တော်အခန်းသွားငှားလိုက်အုံးမယ်....ဒီမှာနေခဲ့နော်...."
"ကောင်းပြီ"

       ရှုပင်းခန့် ငွေထုတ်ကိုယူကာ တည်းခိုခန်းထဲ ဝင်လာခဲ့၏။ ပေသီးများဖြင့် ငွေစာရင်း တွတ်နေသော ဆိုင်ရှင်အမျိုးသားဆီသို့ တည့်တည့်လျှောက်လာပြီး

"ဆိုင်ရှင်....အခန်းနှစ်ခန်း...."
"ရ....."

      ဆိုင်ရှင်က ခေါင်းမော့ကြည့်လာပြီးနောက် တမဟုတ်ချင်း မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ ကြောက်ရွံတာကော၊ ဒေါသထွက်တာကော ရောယှက်ကာ သူကအော်တော့သည်။

"လာကြစမ်း....ဆံနီမိစ္ဆာငါတို့ဆီရောက်နေတယ်...လာဖမ်းကြ...."

       အလုပ်သမားများ အားလုံးက ကိုယ်စီလက်နက်များဆွဲလျက် သူ့ကိုဝန်းရံလိုက်ကြလေ၏။ ရှုပင်းခန့် အံ့သြသွားခြင်း မရှိပါ။ ဒါသူ့ကို တစ်စုံတစ်ယောက်က ခြောက်ချတာပဲလေ။ သူလက်ထပ်ပြီးကတည်းက ဘယ်လူသားကိုမှ ထိခိုက်နာကျင်အောင် မလုပ်ခဲ့ပါ။ လူသားတွေကတော့ သူ့ကိုစက်ဆုပ်ရွံရှာသော အကြည့်များဖြင့် ကြည့်နေကြသည်။

      ရှုပင်းခန့်က မေးလိုက်၏။

"ဘာလုပိကြတာလဲ....ငါလူမသတ်ချင်ဘူး..  "

"တွေ့လား....သူလူသတ်ဖူးတယ်...."

"ဟုတ်တယ်....သူကဆံနီမိစ္ဆာပဲဖြစ်ရမယ်....သူ့ဆံပင်ကိုကြည့်လိုက်...."

"ဟုတ်တယ်...."

"သူ့ကိုသတ်....."

"သူ့ကိုသတ်...."

      လူတွေက ဝိုင်း၍အော်ဟစ်လာလေရာ အပြင်ဘက်က ပိုင်ရှီးနဲ့လင်းမုသန်းလည်း ထိတ်လန့်သွားရသည်။

"ပင်းအာ....."
"အစ်ကိုမသွားနဲ့....ညီမသွားကြည့်လိုက်မယ်...."

      ပိုင်ရှီးအား လှည်းပေါ်မှာထားခဲ့ပြီး သူမတည်းခိုခန်းထဲ ပြေးဝင်လာခဲ့သည်။ ပိုင်ရှီးတို့မသိလိုက်တာက လှည်း၏ထောင့်တစ်နေရာရှိအပေါက်ကနေ မီးခိုးငွေ့တစ်ချို့ ဝင်လာတာကိုပင်။ လင်းမုသန်း အထဲရောက်တော့ လူတွေကရှုပင်ခန့်အား အကြီးအကျယ် အထင်လွဲနေကြပုံပင်။

White in the red heart(ခိုနားခွင့်လေး )Complete Where stories live. Discover now