💞33💞

1.9K 221 2
                                    

White in the red heart

                          💞33💞

      အားလုံးရဲ့အကြည့်က လင်းအကြီးအကဲဆီသို့ တစ်ဖန်ရောက်ရှိသွားသည်။ ပန်းယပ်တောင်မယ်၏လက်တစ်ဖက်က အကြီးအကဲနှစ်ယောက်ရဲ့ဓားနှစ်လတ်ကို ကာထားပြီစ ကျန်တစ်ဖက်က လင်းမုသန်းတို့အား လေပေါ်ဆွဲတင်ထား၏။ ပိုင်ရှီးသည်လည်း လင်းအကြီးအကဲအား ကြည့်၍ အံ့သြခြင်းများစွာဖြင့် ဆွံအနေမိသည်။

      သူက ပန်းယပ်တောင်မယ်ရဲ့သားလား။ မဖြစ်နိုင်ဘူး။ ဒါလင်းအကြီးအကဲ သက်သက်လိမ်တာ။ သူငယ်ငယ်ကတည်းက ကောင်းကင်ဂိုဏ်းမှာပဲကြီးပြင်းလာခဲ့တာ သူ့မိဘတွေက သာမန်ပြည်သူတွေ မဟုတ်ဘူးလား။ မတ်ရပ်ဂါထာကြောင့် သူလှုပ်မရပေမယ့် နှုတ်ခမ်းကတော့ စကားပြောနိုင်သေးသည်။ သို့သော် သူ့နှုတ်ခမ်းမှ ဘာစကားမှမဆိုနိုင်ချေ။

      ရွှမ်းကောက ရှေ့ထွက်၍

"အကြီးအကဲ....ဓားကိုအောက်ချလိုက်ပါ...."
"မင်းဝင်မပါနဲ့...."

      ရွှမ်းကော ထပ်တိုးမည်အပြု အနောက်ကဖန့်မင်ကဆွဲထား၍ ရှေ့ဆက်မတိုးရန် ခေါင်းခါပြသည်။ လင်းအကြီးအကဲရဲ့​ပြောင်းလဲသွားတဲ့ မျက်နှာထားနဲ့အမူအရာကို သူတကယ်ပဲ အံ့သြမိသည်။

      ပန်းယပ်တောင်မယ်က လက်ကိုပင့်မြှောက်ပြီး လင်းမုသန်းတို့အား ချောက်ထဲထိုးချရန်ပြင်လိုက်ပြီး

"ငါ့ကိုလာမလိမ်နဲ့...."
"မလိမ်ဘူး....မင်းသေချာကြည့်....သူ့ရဲ့မျက်လုံးတွေ...."

      လင်းအကြီးအကဲ ပြောတော့ ပိုင်ရှီးနှင့်ပန်းယပ်တောင်မယ်တို့ တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းဆုံသွားသည်။ နှစ်ဦးလုံး၏ မျက်လုံးများက ချင်းချင်းနီနေပြီး အဓိပ္ပာယ်ဖော်ပြလို့ မရတဲ့ ခံစားချက်တွေ တိုးဝှေ့လာသည်။

"မင်းခင်ပွန်း....ငါတို့ရဲ့အစ်ကိုကြီးရဲ့မျက်လုံးတွေနဲ့....မတူဘူးလား....ပြီးတော့သူ့ရဲ့စရိုက်.....ဂိုဏ်းတူအစ်ကိုကြီးနဲ့သိပ်တူတာပဲမင်းသိလား...."
"မဖြစ်နိုင်ဘူး....ငါ့ကိုမလိမ်နဲ့...."

"ငါမလိမ်ဘူး.....မင်းမျက်လုံးကိုမင်းယုံတာလား....မင်းမယုံရဲတာလား...."

White in the red heart(ခိုနားခွင့်လေး )Complete Where stories live. Discover now