💞32💞

1.9K 208 3
                                    

White in the red heart

                          💞32💞

       ရှောင်ထုံးအာ နိုးလာတော့ ဟာလာဟင်းလင်း ကွင်းပြင်ကြီးထဲ ရောက်နေကြောင်း သိလိုက်ရ၏။ လူတစ်ကိုယ်လုံးကလည်း အရိုက်ခံထားရသလို နာကျင်မှုတွေက တဆစ်ဆစ်။ မျက်လုံးဖွင့်ကာ အောက်ငုံ့ကြည့်လိုက်တော့မှ သူမဟာ မတ်တပ်ရပ်အနေအထားဖြင့် ချုပ်နှောင်ခံထားရသည်ကို သတိထားမိသွားသည်။

      သူဘာလက်နက်မှ မပါဘဲ အသာလွတ်ရုန်းကြည့်သည်။ ရုန်းလိုက်လို့လှုပ်သွားဖို့ နေနေသာသာ သူ့ခမျာ ဘယ်ညာတောင်ရုန်းလို့မရပေ။ အနောက်ကို စောင်းငဲ့ကြည့်လိုက်တော့ သူမကိုယ်လုံးနဲ့ တွဲချည်ထားခံရတဲ့ သစ်သားပြားတစ်ချပ်။

"နိုးပြီလား...."

      အသံလာရာဆီ လှမ်းကြည့်လိုက်တော့ ပန်းယပ်တောင်မယ်မဟုတ်သော မိန်းကလေးတစ်ယောက်က သူမဆီကို လျှောက်လာနေသည်။

"ရွှေယိ....."
"အဟား....မှတ်မိသားပဲ....သတိလစ်နေတာတစ်ရက်ကြာသွားတော့အတိတ်မေ့ပြီထင်တာ..."

"ဘာလုပ်တာလဲ....အခုလွှတ်ပေး....."
"ရုန်းမနေနဲ့....အဲ့တာငါကိုယ်တိုင်လုပ်ထားတဲ့စွမ်းအင်ကြိုးတွေ....မင်းရုန်းလို့မရဘူး...."

"နင်....."

      သူမစကားပြောရန် ပြင်လိုက်စဥ်မှာပင် ဟေးဖောင်ရောက်လာသည်။ ဟေးဖောင်ရောက်လာမှ သူပတ်ဝန်းကျင်ကို သေချာအကဲခတ်မိ၏။ သူမရောက်နေတာက တောင်ထိပ်တစ်နေရာတွင်ဖြစ်ပြီး တိမ်သားတွေလည်း တောင်ပတ်လည်ဝန်းရံနေတာကြောင့် အဆုံးအစအရှိအောင် ကျယ်ပြန့်သော ကွင်းပြင်ကြီးထင်ခဲ့တာ။

"သွားချည်ထားလိုက်...."

      ရွှေယိစကားက ဘာသဘောလဲ သိရအောင် အကြည့်ပြန်လွှဲလိုက်တော့မှ

"မမမုသန်း......မမ.....မမမုသန်း...."

      ဟေးဖောင်ပုခုံးပေါ်က လင်းမုသန်းသည် ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်ပျက်နေလဲ မသိတော့အောင်ကို အသိစိတ်မကပ်တော့ချေ။ ပျော့ခွေနေသော  သူမခန္ဓာကိုယ်ကို ဟေးဖောင်က ရှောင်ထုံးအာဘေးရှိ သစ်သားပြားနောက်တစ်ခုတွင် ချည်နှောင်သည်။

White in the red heart(ခိုနားခွင့်လေး )Complete Where stories live. Discover now